ပရီးမီးယားလိဂ် လစာအများဆုံး ကစားသမား(၁၀)ဦးစာရင်းတွင် မန်ယူကစားသမား(၃)ဦး ဦးဆောင်

MU

မန်ယူအသင်းသည် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလိုက်သည့် ပြင်သစ်ကွင်းလယ်ကစားသမားပေါ့ဘာကို တစ်ပတ်လုပ်ခ ပေါင်(၂၉၀၀၀၀)ပေးချေရမည် ဖြစ်ရာ ပေါ့ဘာသည် ပရီးမီးယားလိဂ်၏ လစာအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့ ကြောင်း သိရှိရသည်။

ထို့ပြင် အခြားကစားသမားသစ်တစ်ဦးဖြစ်သည့် တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကိုလည်း တစ်ပတ်လုပ်ခပေါင် (၂၅၀၀၀၀) ပေးချေရမည်ဖြစ်ရာ ပရီးမီးယားလိဂ် လစာ အများဆုံး (၁၀)ဦးစာရင်းတွင် မန်ယူကစားသမား(၃)ဦးက ဦးဆောင် သွားခဲ့ခြင်းဖြစ်သည်။

ယင်းစာရင်းတွင် မန်ယူအသင်းက ကစားသမား(၄)ဦး ပါဝင်ခဲ့သလို၊ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကလည်း (၄)ဦး ပါဝင်ခဲ့ပြီး ချယ်လ်ဆီးနှင့် အာဆင်နယ်တို့က တစ်ဦးစီ ပါဝင်ခဲ့ကြောင်းလည်း သိရှိရသည်။

ပရီးမီးယားလိဂ်လစာအများဆုံးကစားသမား(၁၀)ဦး၏ တစ်ပတ်လုပ်ခ(ပေါင်)

(၁)    ပေါ့ဘာ(မန်ယူ)-၂၉၀၀၀၀

(၂)    ရွန်နီ(မန်ယူ) -၂၆၀၀၀၀

(၃)    အီဘရာဟီမိုဗစ်(မန်ယူ)-၂၅၀၀၀၀

(၄)    အဂွဲရိုး(မန်စီးတီး)-၂၄၀၀၀၀

(၅)    ယာယာတိုရေး(မန်စီးတီး)-၂၄၀၀၀၀

(၆)    ဟာဇက်(ချယ်လ်ဆီး)-၂၂၀၀၀၀

(၇)    ဆေးလ်ဗား(မန်စီးတီး)-၂၀၀၀၀၀

(၈)    အိုဇေးလ်(အာဆင်နယ်)-၁၉၀၀၀၀

(၉)    ဒီဂီယာ(မန်ယူ)-၁၈၅၀၀၀

(၁၀)    စတာလင်(မန်စီးတီး)-၁၈၀၀၀၀

Photos: Gettyimages


Leave a Reply