ရပ်ကွက်အတွင်းမှရေဆိုးများကို ပြည်ခိုင်ဖြိုးပါတီက ရေစုပ်စက်ဖြင့် စုပ်ထုတ်ကူညီဆောင်ရွက်ပေး

64650992-08082016

အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက်နေ ပြည်သူများ သွားလာနေထိုင်ရေး ကောင်းမွန်စေ ရန်နှင့်ကျန်းမာရေး ဆိုင်ရာပြဿနာများ မဖြစ်ပွားစေရန်တို့အတွက် မိုးရွာသွန်းမှုများကြောင့် ရပ်ကွက် အတွင်းတင်ကျန်ရစ်ခဲ့သော ရေဆိုး ရေပုပ်များကိုအောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယနေ့နံနက် ၉ နာရီကရေစုပ် စက်ဖြင့်စုပ်ထုတ်ကာ ကူညီ ဆောင်ရွက်ပေးခဲ့သည်။
”ဒီရပ်ကွက်က အနိမ့်ပိုင်းကျ ပါတယ်။ မိုးရွာပြီဆိုရင် ရပ်ကွက် အတွင်းက လမ်းတွေ၊ အိမ်တွေမှာ မိုးရေတွေအများကြီး တင်ကျန် တတ်ပါတယ်။ လမ်းတွေပေါ်က ရေက နေသာရင် ခြောက်သွားပေမဲ့ အိမ်တွေထဲက ရေတွေကတော့ လ နဲ့ချီပြီး ရေကထွက်ပေါက်မရှိဘဲ ကျန်နေလေ့ရှိပါတယ်။ အဲဒီရေတွေ ဟာ အချိန်ကြာလာတာနဲ့အမျှ ရေ ဆိုး ရေပုပ်တွေ ဖြစ်လာပါတယ်။ရပ်ကွက်နေပြည်သူတွေ နေရေး ထိုင်ရေးကိစ္စတွေ၊ ကျန်းမာရေး ကိစ္စတွေမှာ ဒီရေဆိုးတွေကြောင့် ပြဿနာပေါင်းစုံကို ရင်ဆိုင်ကြရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပါတီအနေနဲ့ ပြည်သူလူထုရင်ဆိုင် နေရတဲ့ပြဿနာ တွေ ပြေလည် အောင် ဖြေရှင်းကူညီပေးတဲ့အနေနဲ့ မြို့နယ်ပါတီက ရေစုပ်စက်နဲ့ ရေ တွေကုန်အောင် စုပ်ထုတ်ပေးနေ တာပါ”ဟု မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဘိုသင်းက ရှင်းလင်းပြောကြားခဲ့သည်။ ရေဆိုးများ စုပ်ထုတ်ရာ ညောင်ကွဲရပ်ကွက်သို့ မန္တလေး ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဘို သင်း၊ခရိုင်အတွင်းရေးမှူး ဦးကျော် စန်း၊ အောင်မြေ သာစံမြို့နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကိုလေး၊ မြို့နယ်အတွင်းရေးမှူးဦးညီညီမင်း နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်မြို့နယ် ပါတီကော်မတီဝင် များနှင့် ပါတီဝင်များ စုစုပေါင်း အင်အား ၃ဝ မှ လာရောက်ကာ လုပ်အားဒါနပြု ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


Leave a Reply