ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ထိန်ကုန်းရပ်ကွက်နေပြည်သူလူထုအား ပြည်ခိုင်ဖြိုးပါတီမှ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်

11265843-06082016

မန္တလေးတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ အစီအစဉ်ဖြင့် မန္တလေး ခရိုင်ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင် ကာ ပြည်ကြီးတံခွန်မြို့နယ်ပြည်ခိုင် ဖြိုးပါတီမှ မြို့နယ်အတွင်း ရေဝင် ရောက်ခဲ့သော ထိန်ကုန်းရပ်ကွက် နေ ပြည်သူလူထုများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများကို ယနေ့ နံနက် ၁ဝ နာရီက ထိန်ကုန်းရပ်ကွက် အရန် မီးသတ်တပ်ဖွဲ့ စခန်းတွင် ဆောင်ရွက်ပေးခဲ့သည်။

အခမဲ့ ကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက်ရာသို့ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးအောင်နိုင်ဦး၊ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးဘိုသင်း၊ခရိုင်ပါတီ အတွင်းရေးမှူး ဦးကျော်စန်းနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မြို့နယ်ပါတီ အတွင်း ရေးမှူးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ဆရာဝန်ကြီး များ၊ သူနာပြုဆရာမများနှင့်ပါတီ ဝင်များ စုစုပေါင်းအင်အား ၅ဝခန့် ပါဝင်ခဲ့ကြောင်းသိရသည်။ ”ကျွန်တော်တို့ပါတီဟာရေဝင် ခဲ့တဲ့ ထိန်ကုန်းရပ်ကွက်က ပြည်သူ တွေကိုဒီနေ့မှာ အခမဲ့ ဆေးကုပေးတာတွေ၊ ဆေးဝါးများ အခမဲ့ပေး တာတွေအပြင် ရေဝင်ရောက်တဲ့ နေရာတွေကအိမ်တွေမှာ ခြင်ဆေးဖျန်း ပေးတာတွေကို ဆောင်ရွက်ပေးသွားမှာပါ။ သဘာဝဘေး အန္တရာယ်ကိုရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ပြည် သူတွေကို ပါတီအနေနဲ့တတ်နိုင်တဲ့ ဘက်ကနေအားပေးကူညီထောက်ပံ့ ပေးတာတွေကို ဆောင်ရွက်ပေးဖို့ အမြဲ အသင့် ရှိပါတယ်”ဟုမန္တလေး ခရိုင်ပါတီဥက္ကဋ္ဌဦးဘိုသင်းကပြော ကြားခဲ့သည်။

မန္တလေးခရိုင် ပါတီကော်မတီဝင် ဆရာဝန်ကြီးတစ်ဦးဖြစ်သည့် ဒေါက်တာဒေါ်မြင့်မြင့်ဌေးဦးဆောင် သောဆေးကုသ ရေးအဖွဲ့သည် ထိန်ကုန်းရပ်ကွက်မှ လူနာ ၁ဝဝ ကျော်အား မွန်းလွဲ ၁နာရီ ခန့်အထိ အခမဲ့စမ်းသပ်စစ်ဆေးခြင်း၊ အခမဲ့ ကုသပေးခြင်းတို့ကို လုပ်အားဒါနပြုကာ ပြည်ခိုင်ဖြိုးပါတီမှ အခမဲ့ ဆေးဝါးများ ပေးအပ် လှူဒါန်းခြင်း များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


Leave a Reply