ရန်ကုန်တိုင်းဒေသကြီးပါတီမျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည်ပြင်ဆင်ရွေးချယ်ပွဲအခမ်းအနားကျင်းပ

13932937_414965695345230_6133097157466544730_n

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ၂ဝ၁၆ ခုနှစ် မျက်နှာစုံညီအစည်းအဝေးနှင့် တိုင်းပါတီ ပြန်လည် ပြင်ဆင် ရွေးချယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီက ဗဟန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ရုံးခန်းမ၌ ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟို ကော်မတီဝင် ဦးခင်မောင်စိုး၊ ဗဟိုအလုပ်အမှုဆောင်ဦးနန္ဒကျော်စွာ၊ ဗဟိုအလုပ် အမှုဆောင် ဦးတင်အောင်နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရေးမှူး ဦးသာဝင်းနှင့်တိုင်းဒေသကြီး ပါတီကော်မတီ ဝင်များ၊ ခရိုင်၊မြို့နယ်များမှ တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်များ၊ ပထမအကြိမ် လွှတ်တော် အသီးသီးမှ ကိုယ်စားလှယ်များ၊ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများနှင့် မိဘများ၊ အကြိမ်အများဆုံးသွေးလှူဒါန်း သူများ၊ NGOအဖွဲ့များ၊ မီဒီယာ များစုစုပေါင်း ၃၅ဝခန့်တက်ရောက်ကြသည်။

သဘာပတိ ဦးနန္ဒကျော်စွာက မျက်နှာစုံညီအစည်းအဝေး အဖွင့်အမှာစကားပြောကြားပြီး ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် ထူးချွန်ဆု ခြောက်ဘာသာဂုဏ်ထူးရှင်၊ ငါးဘာသာဂုဏ်ထူးရှင်း၊လေးဘာသာ၊ သုံးဘာသာ၊ နှစ်ဘာသာဂုဏ်ထူးရှင် စုစုပေါင်း ၁ဝ၄ ဦးတို့ကို ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းတို့က ဂုဏ်ပြုမှတ် တမ်းများပေးအပ်ပြီး သွေးလှူရှင် များကိုတိုင်းနာယက ဦးခင်မောင်စိုး ကလည်းကောင်းဂုဏ်ပြုမှတ်တမ်း များပေးအပ်ခြင်း၊ ပါတီလုပ်ငန်း များဆောင်ရွက်ရန်၊ အလှူငွေများ ကို အလှူရှင်များက ပေးအပ်ရာ တိုင်းနာယက ဦးခင်မောင်စိုးက လက်ခံရယူသည်။

ထို့နောက် အခမ်းအနားတွင် အစုအဖွဲ့အလိုက် စာတမ်းများဖတ် ကြားတင်သွင်းသည်။ အစုအဖွဲ့များ၏ ဆွေးနွေး တင်ပြချက်များအပေါ် ရန်ကုန်တိုင်းဒေသကြီး ကော်မတီဝင်တစ်ဦးကသုံးသပ်ရှင်းလင်းသည်။ ၄င်းနောက် တိုင်းကော်မတီဝင်များနုတ်ထွက်ကြောင်း ရှင်းလင်းပြီး ပထမပိုင်းအစီအစဉ် ခေတ္တရပ်နားစဉ် တက်ရောက်လာသော မီဒီယာများက ပါတီဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးအား ပါတီကိစ္စရပ်များ၊ နိုင်ငံရေးနှင့် စပ်လျဉ်းသော မေးခွန်းများမေးမြန်း ကြရာ ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးကအကျယ်တဝင့် ရှင်းလင်း ဖြေကြားသည်။ ထို့နောက် အခမ်းအနားဒုတိယ ပိုင်းပြန်လည်စတင်ရာ သဘာပတိ ဦးနန္ဒကျော်စွာ(ရွေးချယ်ရေးကော်မတီ နာယက)နှင့်အဖွဲ့က ဆောင်ရွက်ပြီး ပါတီပြန်လည်ပြင်ဆင်ရွေး ချယ်ဖွဲ့စည်းရေးကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်က ရွေးချယ်ဖွဲ့စည်း ဆောင်ရွက်ထားမှုကို ရှင်းလင်းပြီး အစုအဖွဲ့အလိုက် ရွေးချယ်ထားသော တိုင်းပါတီကော်မတီဝင် အမည်စာရင်း ၁ဝ ဦးကို သဘာ ပတိထံအပ်နှံရာ တိုင်းပါတီကော် မတီဝင်များ၊ အရန်ပါတီ ကော်မတီ ဝင်များနှင့်လျာထားသည့် တိုင်းပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍရေးမှူးများအမည် စာရင်းတင်ပြမှုကို သဘာပတိအဖွဲ့ က အတည်ပြုပေးသည်။

၎င်းနောက် တိုင်းပါတီကော်မတီနှင့် အရန်ပါတီကော်မတီဝင် များက သဘာပတိအဖွဲ့ရှေ့တွင် ကတိသစ္စာပြုကြပြီး သဘာပတိ ဦးနန္ဒကျော်စွာ(တိုင်းရွေးချယ်ရေး ကော်မတီနာယက)က နိဂုံးချုပ် အမှာစကားပြောကြားကာ တက်ရောက်လာသော ပါတီဝင်များက အခမ်းအနားကို ကြွေးကြော်သံများ ဖြင့် ရုပ်သိမ်းလိုက်သည်။ ထို့နောက် ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက အမှာစကားပြောကြား ရာတွင် မိမိတို့ပါတီဝင်များသည် ပါတီကချမှတ်ထားသော ရည်မှန်းချက်၊ မူဝါဒ၊ လမ်းစဉ်များဖြင့် ပြည်သူ့အကျိုး၊ နယ်မြေအကျိုး၊ လက်တွေ့ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပြီး၊ ကိုယ်တိုင် ဆန္ဒပြုဝင် ရောက်လာကြသူများဖြစ်ကြောင်း၊ မိမိတို့ပါတီသည် ပါတီ သက်တမ်း ခြောက်နှစ်သာရှိသော်လည်း ပြည်ခိုင်ဖြိုးပါတီ အသင်းဘဝကပင် နိုင်ငံအရေးအရာကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း၊ ပါတီစုံဒီမို ကရေစီကျင့်စဉ် ကိုပြောင်း လဲကျင့်သုံးနိုင်ရန်အတွက် အသင်းအဖြစ်ရှိစဉ်ကပင် ပြည်သူများနှင့် အတူ လက်တွဲပြီး ပါဝင်ဆောင် ရွက်ခဲ့ကြကြောင်း၊ လက်ရှိပြောင်း လဲကျင့်သုံးနေသည့် ပါတီစုံဒီမို ကရေစီကျင့်စဉ် ရှင်သန်နိုင်ရေး အတွက်လည်း ပါဝင်ဆောင်ရွက်ခဲ့ ကြသူများဖြစ်ကြောင်း၊ ပါတီဝင် များသည် မိမိတို့၏ ယုံကြည်ချက် စွဲမြဲခိုင်မာအောင် ကြိုးပမ်းကြရန် လိုသကဲ့သို့ မိမိတို့ ယုံကြည်မှုပိုမိုစွဲမြဲ ခိုင်မာအောင်လည်း ကြိုးပမ်းကြရန်လိုကြောင်း၊ပါတီသည်ပါတီဝင်များနှင့် စုစည်းထား ခြင်းဖြစ် ကြောင်း၊ တစ်ဦးကောင်းတစ်ယောက်ကောင်း ဖွဲ့စည်းတည်တောင်ထားခြင်းမဟုတ်ကြောင်း၊ ပါတီဝင်တိုင်း အလုပ်ညီညွတ်မှုရှိရန်၊ အလုပ် ညီညွတ်မှုမှ မူဝါဒရေးရာ ညီညွတ်မှုရှိရန်၊ မူဝါဒညီညွတ်မှုမှ သဘောတရား ညီညွတ်မှုရှိအောင် ဆောင်ရွက်နေ ကြသူများဖြစ်ကြောင်း၊ ပါတီဝင်တိုင်း တစ်ဦးနှင့်တစ်ဦး အရည် အချင်းမတူညီ ကြကြောင်း၊ အရည် အချင်းမတူညီသူများကို ယုံကြည်မှုဖြင့်စုစည်းထားခြင်းဖြစ်ကြောင်း၊ မိမိတို့ယုံကြည်သကဲ့သို့ ပါတီဝင် မဟုတ်သူများကိုလည်း ယုံကြည်အောင် မိမိတို့လုပ်ဆောင်နေသည်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လာ အောင် လုပ်ဆောင်သွား ရန်လိုအပ်ကြောင်း၊ ပြည်သူအထင်မှား အမြင်မှားဖြစ်နိုင်သည့်ကိစ္စ များကို အမှန်သိမြင် လာအောင် ရှင်းလင်းဆွေးနွေးကြရန်လိုကြောင်း၊ ပြည်သူများအမှန် သိရန်ပါတီဝင်များမှ ဆင့်ကဲပြောကြားသွားရန် လိုကြောင်း၊ စုပေါင်းခေါင်းဆောင်၊ စုပေါင်းတိုင်ပင်ဆွေးနွေး၊ စုပေါင်းလုပ်ဆောင် သွားရန်လိုကြောင်း၊ ပါတီတွင်း စည်းလုံးညီညွတ်မှုကို တိုးတက်ခိုင်မာအောင်တည်ဆောက်ပြီး ပြည်သူလူထု အတွင်း စည်းရုံးမှုကိုလည်း တိုးတက်ရရှိ စေရန်အတွက် ပါတီဝင်တိုင်းက ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပါတီ၏ရည်မှန်းချက်များ၊ အောင်မြင်ရေး အတွက် စုစည်းညီညွတ် သော အားဖြင့် စည်းလုံးညီညွတ်စွာဆက် လက်ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။

ဖိုးချို(ယူနီယံ)


Leave a Reply