ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေဝင်ကျေးရွာများ သို့ ပြည်ခိုင်ဖြိုးပါတီမှ ဆန် ၃၄ အိတ်ထောက်ပံ့

65368432-06082016

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ အစီအစဉ်ဖြင့် မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ကာ ပုသိမ်ကြီး မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေဝင် ကျေးရွာများသို့ ပြည်ခိုင်ဖြိုးပါတီမှ ဆန် ၃၄ အိတ်ကို ယနေ့နံနက် ၁၁ နာရီက အဆိုပါကျေးရွာများအထိ သွားရောက်ပေးအပ်လှူဒါန်းခဲ့သည်။  ”ကျွန်တော်တို့ ပြည်ခိုင်ဖြိုး ပါတီဟာ သဘာဝဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကျေးရွာတွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီနိုင်ဖို့ ပါတီရဲ့ဗဟိုအဆင့်က နေ ရပ်ကျေးအဆင့်ထိ အစီအစဉ် တွေ ချမှတ်ထားပါတယ်။

 ပြည်သူ ရင်ဆိုင်ရတဲ့အခက်အခဲကို ကျွန်တော်တို့ပါတီအနေနဲ့ အတတ်နိုင်ဆုံး ကူညီပေးနိုင်ဖို့ ဦးထိပ်ပန်ဆင်ထားပါ တယ်။ အခုလည်း ပုသိမ်ကြီးမြို့နယ်အတွင်းက မြစ်ရေဝင်ကျေးရွာတွေအတွက် တစ်ဖက်တစ်လမ်းကနေ အထောက် အကူဖြစ်ဖို့ ဆန်အိတ်တွေကိုလာပြီး ထောက်ပံ့ပေးတာပါ။ ပြည်သူတွေ အတွက်ဆို ပြည်ခိုင်ဖြိုးက ဘယ်အခြေအနေ မှာဖြစ်ဖြစ် ရှေ့တန်းက နေကူညီဖို့အသင့်ပါပဲ”ဟုမန္တလေး ခရိုင်ပါတီအတွင်းရေးမှူး ဦးကျော်စန်းကပြောသည်။
မြစ်ရေဝင် ကျေးရွာများအား ဆန်အိတ်များထောက်ပံ့ပေးအပ်ရာ သို့ မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်ပါတီ အတွင်းရေးမှူး ဦးကျော်စန်း၊ ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဆွေသန်း၊ မြို့နယ်ပါတီ အတွင်း ရေးမှူး ဦးကိုကိုလွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ရပ်/ ကျေးစည်းမှူးများနှင့် ပါတီဝင်များ လိုက်ပါခဲ့ကာ ဒေသခံ များကို အားပေးစကားပြောကြားခဲ့ပြီးဆန်အိတ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။


Leave a Reply