နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်မည့် အစည်းအဝေး သုံးရက်ကြာ ကျင်းပမည်

13081804_1136480829709399_320826700_n

နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်မည့် အစည်းအဝေးကို ရန်ကုန်မြို့တွင် ဩဂုတ် ၁၁ ရက်မှစ၍ သုံးရက်ကြာ ပြုလုပ်မည်ဖြစ်ကြောင်း ပင်လုံအကြိုပြင်ဆင် ရေးကော်မတီမှ သတင်းရရှိသည်။ ဩဂုတ် ၁၁ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် နိုင်ငံရေးပါတီများ ပါဝင်၍ မူဘောင် သုံးသပ်သည့် အစည်းအဝေးကို ဦးစွာပြုလုပ် မည်ဖြစ်သည်။ ဩဂုတ် ၁၂ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက မူဘောင်သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်ပြီး နောက်တစ်ရက်၌ အစုအားလုံးပါဝင်သည့် အစည်းအဝေးကို ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း ပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေကပြောသည်။

ယင်းအစည်းအဝေးသို့ NCA တွင် မပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ဖိတ်ကြားထားကြောင်း သတင်းရရှိသည်။ NCA တွင် မပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များဖြင့် ဖွဲ့စည်းထားသည့် ညီ ညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ (UNFC) တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်က မူဘောင်သုံး သပ်ပွဲသို့ တက်ရောက်ရန် ဖိတ် ကြားစာ ရရှိသော်လည်း တက် ရောက်ရန် မဆုံးဖြတ်ရသေးဟု ဆိုသည်။

‘‘အဲဒါလည်း ပြောလို့မရ သေးဘူး။ အကုန်လုံးက ဒီဖြစ်စဉ် က NCA အပေါ်မှာ အခြေခံထား တော့ NCA က လက်မှတ်ရေးထိုးတဲ့ အုပ်စုနဲ့ မထိုးရသေးတဲ့အုပ်စု လို့ ကွဲပြားနေတယ်လေ။ ဆိုတော့  NCA ကို ကျော်ဖြတ်ပြီးမှ အားလုံး တန်းတူရည်တူရှိတဲ့ အခင်းအကျင်းအပေါ်ကို ရောက်မယ်။ NCA ကို ကျော်ဖြတ်တဲ့အခါမှာ အားလုံးပါဝင် ရေးက အဖုအထစ် လိုဖြစ်နေတယ်။ အားလုံးပါဝင် ရေးကို ဖြေရှင်းဖို့က အစိုးရဘက် က မူဝါဒဘာလဲ။ ရှင်းရှင်းလင်း လင်းသိဖို့လိုတာပေါ့’’ဟု ဦးထွန်း ဇော်က ဆက်လက်ပြောသည်။

သို့သော် UNFC ၏ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့အနေဖြင့် နည်းလမ်းများ ဆက်လက်ရှာဖွေ မည်ဖြစ်ကြောင်းအထက်ပါပုဂ္ဂိုလ်ကဆိုသည်။


Leave a Reply