ယူကေအစိုးရကပေးအပ်သော အထင်ကရ ရှီးဗနင်း ပညာသင်ဆုများအားလျှောက်ထားနိုင်မည်
၂၀၁၇-၂၀၁၈ ရှီးဗနင်းပညာသင်ဆု လျှောက်လွှာများကို www.chevening.org/apply မှတဆင့် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၈ ရက်မှ နိုဝင်ဘာလ ၈ ရက် အထိ လျှောက်ထားနိုင်မည်ဖြစ်ပြီး ရှီးဗနင်း အတွင်းရေးမှူးရုံးမှ လျှောက်လွှာ များကိုလက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ရှီးဗနင်းပညာသင်ဆု ၁၅၀၀ ကျော် ချီးမြှင့်သွားမည် ဖြစ်သည်။
ခေါင်းဆောင်နိုင်စွမ်းကို ပြသနိုင်သလို ခိုင်မာသည့် ပညာရေးနောက်ခံရှိသူများအား ရှီးဗနင်း ပညာသင်ဆုများကို ပေးအပ်လျက်ရှိပြီး ဗြိတိန်နိုင်ငံ၏ မည်သည့် ထိပ်တန်းတက္ကသိုလ်တွင်မဆို မဟာဘွဲ့တက်ရောက်ရန် ငွေကြေး အထောက်အပံ့ ကိုလည်းကောင်း၊ ကျောင်းသားဟောင်း ၄၆၀၀၀ ဦးပါဝင်သော သြဇာကြီးမားသည့် ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တွင် ပါဝင်နိုင်သည့် အခွင့်အလမ်းကိုလည်းကောင်း ရရှိစေမည်ဖြစ်သည်။
“ယူကေနိုင်ငံက ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်တွေ စုစည်းထားတဲ့ နေရာဖြစ်ပြီး ယူကေနိုင်ငံတွင် လေ့လာသင်ယူ နေစဉ်အတွင်း ပညာရပ်ပိုင်းဆိုင်ရာ၊ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာနှင့် ပုဂ္ဂလိကရေးရာဖွံ့ဖြိုးတိုးတက်မှုကို ရှီးဗနင်းက ဖော်ဆောင်ပေးသွားမှာ ဖြစ်ပါတယ် ” ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အင်ဒရူးပတ်ထရစ်က ပြောကြားခဲ့သည်။
“ပညာသင်ဆု ချီးမြှင့်ခံရသူတွေအနေနဲ့ ယူကေတက္ကသိုလ်တစ်ခုခုမှာ ဘွဲ့လွန်သင်တန်းတက်ရောက်ဖို့ ရွေးချယ်နိုင် မှာဖြစ်ပါတယ်။ နှိုင်းယှဉ်လို့မရတဲ့ ပညာရေး အတွေ့အကြုံကောင်းတွေကို ရယူရင်း ယူကေရဲ့ သမိုင်းကြောင်း၊ အဖွဲ့အစည်းများ၊ ယဉ်ကျေးမှုနဲ့ ယူကေပြည်သူတွေကို ရင်းနှီးကျွမ်းဝင်ခွင့်ရစေမယ့် အခွင့်အရေး တွေကို တစ်နှစ်ပတ် လုံးရရှိနိုင်မှာဖြစ်ပါတယ် ” ဟု ရှီးဗနင်း Programme Manager တစ်ဦးဖြစ်သူ Louise Thomson ကပြောသည်။
ပညာသင်ဆုနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက www.chevening.org/faqs သို့ ဝင်ရောက်လေ့လာနိုင်ပြီး ဖုန်း – ၀၁-၃၇၀၈၆၃/၄/၅/၇ လိုင်းခွဲ – ၂၂၅၄ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်မည်ဖြစ်သည်။