ရီးယဲလ်အသင်းနှင့် စီရော်နယ်လ်ဒို ၂၀၂၁ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်နေ

13906777_1747049032214647_6486194341951823481_n

ရီးယဲလ်အသင်းမှ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ၂၀၂၁ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။

စီရော်နယ်လ်ဒိုသည် အသက်(၃၁)နှစ်ရှိပြီဖြစ်သော်လည်း အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ဆဲဖြစ်သည့်အပြင် ထင်ပေါ်ကျော်ကြားမှုတွင်လည်း ထိပ်တန်းအဆင့်တွင် ရှိနေသည့်အတွက် ခေါ်ယူလိုသည့်အသင်းများစွာ ရှိနေသည်။

ထို့ကြောင့် ရီးယဲလ်အသင်းက စာချုပ်သက်တမ်းတိုးမြှင့်ကာ အသင်းတွင် ဆက်ထိန်းထားရန် ရည်ရွယ်နေခြင်းဖြစ်ပြီး စီရော်နယ်လ်ဒိုကလည်း စပိန်မြေတွင် ဆက်လက်ဖြတ်သန်းရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

စီရော်နယ်လ်ဒိုသည် လာမည့်ရက်သတ္တပတ်အတွင်း ရီးယဲလ်အသင်းသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ပြီး ၎င်း၏အေးဂျင့်ဖြစ်သူကလည်း ရီးယဲလ်ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်နှင့် စာချုပ်သစ်အတွက် တွေ့ဆုံ ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။

Photos: Gettyimages


Leave a Reply