ဂိုးသမား ဆက်ဇီနီ ရိုးမားအသင်းသို့ ဒုတိယအကြိမ် အငှားဖြင့် ပြန်လည် ရောက်ရှိ

Wojciech-Szczesny

သြဂုတ်လ ၄ ရက်နေ့က အီတလီနိုင်ငံ၊ ရောမမြို့ရှိ လေဆိပ်သို့ ဂိုးသမား ဆက်ဇီနီ ရောက်ရှိလာစဉ်။ (ဓာတ်ပုံ – အီးပီအေ)

ဂိုးသမား ဆက်ဇီနီဟာ အာဆင်နယ်အသင်းမှ ရိုးမားသို့ နောက်ထပ် တစ်ရာသီ အငှားဖြင့် ပြောင်းရွှေ့မှု ပြီးမြောက်ခဲ့ကြောင်း နှစ်ဖက်ကလပ်အသင်းတွေက အတည်ပြုခဲ့ပါတယ်။

အသက် (၂၆) နှစ်အရွယ် ပိုလန်ဂိုးသမား ဆက်ဇီနီဟာ ပြီးခဲ့တဲ့ ၂၀၁၅-၁၆ ရာသီမှာ ရိုးမားအသင်းနဲ့ (၄၂) ပွဲကစားပြီး နောက်ထပ် တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။

“ဆက်ဇီနီကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၃၀ ထိ အငှားသက်တမ်းတိုးဖို့ အာဆင်နယ်နှင့် သဘောတူညီမှု ရယူပြီးတဲ့ နောက်မှာ ၂၀၁၆-၁၇ ရာသီမှာ ရိုးမားကစားသမားတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ရိုးမားက အတည်ပြုနိုင်ပါတယ်။”လို့ ရိုးမားအသင်းက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာဆင်နယ်အသင်းက ၎င်းတို့ရဲ့ တရားဝက်ဘ်ဆိုက်မှာ တစ်ဆင့် အပြောင်းအရွှေ့ သတင်းကို အတည်ပြုခဲ့ပါတယ်။

ဆက်ဇီနီက ကလပ်အသင်းရဲ့ တီဗွီရုပ်သံလိုင်းကို ပြောကြားရာ “ကျွန်တော် အရမ်းပျော်ပါတယ်။ ကောင်းမွန်တဲ့ ရာသီတစ်ခုအပြီးမှာ ကျွန်တော် ဒီကို ပြန်လာနိုင်ခြေ ရှိခဲ့ပြီး နည်းပြက အလိုရှိခဲ့တဲ့အတွက် အရမ်းပျော်ရွှင်မိပါတယ်”လို့ ပြောပါတယ်။

“ဒီကို ပြန်ရောက်ရှိလို့ ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ရာသီက ဘာလုပ်ခဲ့သလဲဆိုတဲ့အပ်ါမူတည်ပြီး တိုးတက်အောင် လုပ်နိုင်မယ်လို့ ကျွန်တော် မျှောင်လင့် ပါတယ်”လို့ ဆိုပါတယ်။

ဆက်ဇီနီဟာ ၂၀၀၉ ခုနှစ်က အာဆင်နယ်အသင်းနဲ့အတူ စီနီယာကစားသမားဘဝကို စတင်ခဲ့ပြီး အာဆင်နယ် အတွက် (၁၈၁) ပွဲကစားပေးခဲ့သူဖြစ်ပါတယ်။

အာဆင်နယ်အသင်းကို အက်ဖ်အေဖလား နှစ်ကြိမ် ရရှိအောင် ကူညီပေးခဲ့ပြီး ဂိုးမပေးရတဲ့ ပွဲအများဆုံး ၂၀၁၃-၁၄ ရွှေလက်အိတ်ဆုကို ပီတာချက်နဲ့အတူ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

Ref; Goal, BBC


Leave a Reply