ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဟင်္သာတခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှု ဆောင်များ၊ ရပ်ကျေးစည်းရုံးရေးမှူးများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ(၂) ရက်နေ့၊ နံနက် (၁ဝ)နာရီအချိန်တွင် ဟင်္သာတမြို့ ပြည်ခိုင်ဖြိုးပါတီရုံး၌ ဧရာဝတီတိုင်းဒေသကြီး ပါတီအလုပ်အမှုဆောင် ဦးခင်မောင်ရီ၊ ဟင်္သာတခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ရပ်/ကျေးစည်းရုံး ရေးမှူးများနှင့် တွေ့ဆုံပါသည်။

တွေ့ဆုံရာတွင် ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး က မိမိတို့ပါတီဝင်များသည် ပါတီက ချမှတ်ထားသော ရည်မှန်း ချက်၊ မူဝါဒ၊ လမ်းစဉ်များဖြင့် ပြည်သူ့အကျိုး နယ်မြေအကျိုး လက်တွေ့ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပြီး၊ ကိုယ်တိုင်ဆန္ဒပြု ဝင်ရောက်လာကြသူများ ဖြစ်ကြောင်း၊ မိမိတို့ပါတီသည် ပါတီသက်တမ်း (၆)နှစ်ခန့်သာ ရှိသော်လည်း ပြည်ခိုင်ဖြိုးအသင်းဘဝကပင် နိုင်ငံရဲ့အရေးအရာကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ခဲ့ကြ ကြောင်း၊ ပါတီစုံဒီမိုကရေစီကျင့်စဉ်ကို ပြောင်းလဲကျင့်သုံးနိုင်ရန်အတွက် အသင်းအဖြစ် တည်ရှိစဉ်ကပင် ပြည်သူများနှင့်အတူ လက်တွဲပြီး ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း၊ လက်ရှိ ပြောင်းလဲကျင့်သုံးနေသည့် ပါတီစုံ ဒီမိုကရေစီကျင့်စဉ် ရှင်သန်ခိုင်မာရေးအတွက်လည်း ပါဝင်ဆောင်ရွက်ခဲ့ကြသူများဖြစ်ကြောင်း၊ ပါတီဝင်များ သည် မိမိတို့၏ ယုံကြည်ချက်စွဲမြဲခိုင်မာအောင် ကြိုးပမ်းကြရန် လိုသကဲ့သို့ မိမိတို့ယုံကြည်မှု ပိုမိုစွဲမြဲခိုင်မာ အောင်လည်း ကြိုးပမ်းကြရန်လိုကြောင်း၊ မိမိတို့ပါတီသည် ပါတီဝင်များနှင့် စုစည်းဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ တစ်ဦးကောင်းတစ် ယောက်ကောင်းဖြင့် ဖွဲ့စည်းတည်ထောင်ထားခြင်း မဟုတ်ကြောင်း၊ ပါတီဝင်တိုင်း အလုပ် ညီညွတ်မှုရှိရန် အလုပ်ညီညွတ်မှုမှ မူဝါဒရေးရာ ညီညွတ်မှုရှိရန်၊ မူဝါဒညီညွတ်မှုမှ သဘောတရားရေးရာ ညီညွတ်မှုရှိအောင် ဆောင်ရွက်နေကြသူများဖြစ်ကြောင်း၊ ပါတီဝင်တိုင်း တစ်ဦးနှင့်တစ်ဦး အရည်အချင်း မတူ ညီကြကြောင်း၊ အရည်အချင်းမတူသူများကို ယုံကြည်မှုဖြင့် စုစည်းထားခြင်းဖြစ်ကြောင်း၊ မိမိတို့ ယုံကြည် သကဲ့သို့ ပါတီဝင်မဟုတ်သူများကိုလည်း ယုံကြည်အောင် မိမိလုပ်ဆောင်နေသည်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လာအောင် လုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း၊ ပြည်သူအထင်မှားအမြင်မှား ဖြစ်နိုင်သည့်ကိစ္စ များကို အမှန်သိမြင်လာအောင် ရှင်းလင်းဆွေးနွေး ကြရန်လိုကြောင်း၊ ပြည်သူများအမှန်သိရန် ပါတီဝင်များမှ ဆင့်ကဲဆင့်ကဲ ပြောကြားသွားရန်လိုကြောင်း၊ စုပေါင်းခေါင်းဆောင်၊ စုပေါင်းတိုင်ပင်ဆွေးနွေး စုပေါင်း လုပ်ဆောင်သွားရန်လိုကြောင်း၊ ပါတီတွင်း စည်းလုံးညီညွတ်မှုကို တိုးတက်ခိုင်မာအောင် တည်ဆောက်ပြီး၊ ပြည်သူလူထုအတွင်း စည်းရုံးမှုကိုလည်း တိုးတက်ရရှိစေရန်အတွက် ပါတီဝင်တိုင်းက ဆောင်ရွက်သွားရန် လိုကြောင်း၊ ပါတီ၏ရည်မှန်းချက်များ အောင်မြင်ရေးအတွက် စုစည်းညီညွတ်သောအင်အားဖြင့် စည်းလုံး ညီညွတ်စွာ ဆက်လက်ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားပါသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးခင်မောင်ရီမှ ပါတီပြန်လည် ပြင်ဆင် ဖွဲ့စည်းခြင်းကိစ္စများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


Leave a Reply