ဆီဗီလာတိုက်စစ်မှူး လိုရန်သီကို ခေါ်ယူရန် ဆွမ်ဆီးအသင်း သဘောတူညီမှု ရရှိ

Fernando-Llorente

သြဂုတ် ၅၊ အင်္ဂလန်

ဆွမ်ဆီးအသင်းသည် ဆီဗီလာအသင်းမှ အသက် ၃၁ နှစ်အရွယ်ရှိ စပိန်တိုက်စစ်မှူး လိုရန်သီကို ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။

ဆီဗီလာအသင်းနှင့် စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးသည့် လိုရန်သီကို ဆွမ်ဆီးအသင်းက ပြောင်းရွှေ့ကြေး ပေါင် ၅ သန်းဖြင့် ခေါ်ယူမည်ဟု သတင်းများက ဖော်ပြထားသည်။

လိုရန်သီသည် ယနေ့(သောကြာနေ့)တွင် ဆေးစစ်မှု ခံယူမည်ဖြစ်သည်။ ဆွမ်ဆီးအသင်းဥက္ကဋ္ဌ ဂျန်ကင်စ်ကလည်း ကစားသမားသစ်တစ်ဦး ခေါ်ယူနိုင်မှုကို မကြာမီအချိန်အတွင်း ကြေညာနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုထားသည်။

လိုရန်သီသည် ဂျူဗင်တပ်စ်အသင်းနှင့် စီးရီးအေဖလားသုံးလုံးရရှိခဲ့ပြီးနောက် ဆီဗီလာသို့ ပြောင်းရွှေ့ခဲ့သည်။ ပြီးခဲ့သည့်ရာသီက ဆီဗီလာအသင်းနှင့်အတူ ယူရိုပါလိဂ်ဗိုလ်လုပွဲကစားခွင့် ရခဲ့သော်လည်း တိုက်စစ်မှူး ဂါမီရို၏နောက် ဒုတိယဦးစားပေးအဖြစ်သာ ကစားခဲ့ရသူ ဖြစ်သည်။ လိုရန်သီသည် ပြီးခဲ့သည့်ရာသီက ဆီဗီလာအသင်းအတွက် ပြိုင်ပွဲစုံ ၃၆ ပွဲပါဝင်ကစားခဲ့ရပြီး ၇ ဂိုးသွင်းယူနိုင်ခဲ့သည်။

ဆွမ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံလက်စတာအသင်းမှ တိုက်စစ်မှူး အူလိုအာကိုလည်း ခေါ်ယူရန် ကြိုးပမ်းနေသည်။

ရည်ညွှန်း ဘီဘီစီ


Leave a Reply