ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဟင်္သာတမြို့ အမှတ်(၅၇ဝ) မြို့မယာဉ် အဖွဲ့အစည်း၊ အသင်းသားများ နှစ်ပတ်လည် တွေ့ဆုံပွဲနှင့် အသင်းဝင် သားသမီးများအား ပညာရေးအထောက်အပံ့ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး သည် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့၊ ညနေ(၄)နာရီအချိန် တွင် ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းထွန်း၊ ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် အလုပ်အမှု့ဆောင်များနှင့်အတူ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက် စနေပါတ်သံဃာဒါနဆွမ်းလောင်း အသင်း ဓမ္မာရုံ၌ ပြုလုပ်သော အမှတ်(၅၇ဝ) မြို့မယာဉ် အဖွဲ့အစည်း အသင်းသားများ နှစ်ပတ်လည် တွေ့ဆုံပွဲ နှင့်အသင်းဝင်သားသမီးများအား ပညာရေး အထောက်အပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် ပါသည်။

New Picture (1)

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ အမှတ်(၅၇ဝ)မြို့မယာဉ်အဖွဲ့ အစည်း အသင်းသားများ နှစ်ပတ်လည်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားနေစဉ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက အမှာစကားပြောကြားရာတွင် မိမိအား ယခုလို အမှတ်တရ ဖိတ်ကြားသည့် အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် တစ်ဦးနှင့်တစ်ဦး စွမ်းရည်မတူကြကြောင်း၊ အနှေးယာဉ် အသင်းသားများ ဆောင်ရွက်နိုင်သည် ကို မိမိ မဆောင်ရွက်နိုင်ကြောင်း၊ မိမိ ဆောင်ရွက်နိုင်သည်များကို အနှေးယာဉ် \အသင်းသားများ မဆောင်ရွက်နိုင်ကြောင်း၊ အားလုံးပူးပေါင်း လုပ်ဆောင်လျှင် ပိုမိုအောင်မြင်မည်ဖြစ်ကြောင်း၊ အမှတ်(၅၇ဝ) မြို့မ အနှေးယာဉ်အသင်း အဖွဲ့အစည်း၏ လုပ်ဆောင်မှု့များ၌ လူမှုရေး၊ သာရေး၊ နာရေး၊ ပညာရေးများပါဝင်ကြောင်း၊ ကောင်းသော လုပ်ဆောင်မှု များဖြစ်၍ မိမိဝမ်းမြောက်မိကြောင်း၊ ယခုကဲ့သို့ အောင်မြင်စွာလုပ်ဆောင်နိုင်ခြင်းသည် အမှုဆောင်အဖွဲ့၏ ကြိုးစားအားထုတ်မှု၊ အသင်းဝင်များ၏ စုစည်းညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများကြောင့်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် မတည်ရံပုံငွေ စတင်တည်ထောင်ပေးသော်လည်း အမှုဆောင်အဖွဲ့၏ စီမံခန့်ခွဲမှု မကောင်းလျှင် မအောင်မြင်နိုင်ပါကြောင်း၊ ရရှိလာမည့် အကျိုးအမြတ်မှ အသင်းဝင်များ အကျိုးရှိသည့် လုပ်ငန်းများတွင် သုံးစွဲကြသည့်အတွက် မိမိ အနေဖြင့်လည်း ဝိုင်းဝန်းကူညီဖြစ်ခဲ့ပါကြောင်း၊ အသင်းဝင်မိသားစု (၂ဝဝ)ရှိသည်ဟု သိရကြောင်း၊ မိသားစုဝင်များ၏ ကျောင်းသားအားလုံးကို ထောက်ပံ့ နိုင်ခြင်းမရှိသော်လည်း တတ်နိုင်သရွေ့ ထောက်ပံ့ပေးသည်ဟု သိရှိရကြောင်း၊ မိသားစုတစ်ခုလျှင် ဗလာစာအုပ်(၁၈) အုပ်နှင့် ကွန်ပါဘူး(၁)ဘူး ထောက်ပံ့ ပေးရန် စီစဉ်ထားသည်ဟု အမှုဆောင်အဖွဲ့၏ ပြောကြားချက်အရ သိရှိရ ကြောင်း၊ မိမိ မိသားစုအနေဖြင့် အသင်းဝင်မိသားစုများ၏ ပညာရေး ထောက်ပံ့မှုများတွင် ကျောင်းဝတ်စုံတစ်စုံစီ ပါဝင်ထောက်ပံ့ ပေးခြင်းဖြစ် ပါကြောင်း၊ အမှုဆောင်အဖွဲ့၏ စီမံခန့်ခွဲမှုကို မိမိအနေဖြင့် ထပ်ဖြည့်ပေး ခြင်းသာဖြစ်ကြောင်း၊ အမှုဆောင်အဖွဲ့၏ စေတနာ ကြိုးစားအားထုတ်မှုကို အသင်းသားများက နားလည်ပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြစေလိုကြောင်း၊ အသင်းသားများအနေဖြင့် ကိုယ်တိုင် ပြည့်စုံအောင် ကိုယ်တိုင်တတ်အောင်လုပ်ပြီး ကိုယ့်ပတ်ဝန်းကျင် အကျိုးရှိ အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ အသင်းသားများအနေဖြင့် မိမိတို့ ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်းမှ ဆောင်ရွက်သည့် လုပ်ငန်းများ တွင် အားတက် သရော ပါဝင်ဆောင်ရွက်သည်ကိုလည်း တွေ့ရှိရကြောင်း၊data:text/mce-internal,content,%3Cimg%20class%3D%22alignnone%20size-medium%20wp-image-7343%22%20src%3D%22http%3A//www.usdp.org.mm/wp-content/uploads/2016/08/13932805_413498218825311_4567124822424521706_n-300×223.png%22%20alt%3D%2213932805_413498218825311_4567124822424521706_n%22%20width%3D%22300%22%20height%3D%22223%22%20/%3E ဟင်္သာတသားများဖြစ်၍ ဟင်္သာတမြို့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကိုယ်တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်ကြလျှင် ပိုမိုတိုးတက်မည် ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း စည်းလုံး ညီညွတ်စွာဖြင့် ပူးပေါင်း ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားပါသည်။

ဆက်လက်၍ စက္ခုပါလာဒိဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းထွန်းမှ အမှာစကားပြောကြားပြီးနောက် အမှတ် (၅၇ဝ) မြို့မအနှေးယာဉ်အသင်း ဥက္ကဋ္ဌ ဦးမြင့်သိန်းက လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြ ပါသည်။

13932805_413498218825311_4567124822424521706_n

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌအမှတ်(၅၇ဝ)မြို့မအနှေးယာဉ် အသင်းသားများ၏သားသမီးများအတွက် ပညာရေးအထောက်အပံ့ပစ္စည်းများပေးလှူဒါန်းစဉ်

ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ဟင်္သာတခရိုင် စက္ခုပါလာဒိ ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းထွန်း၊ ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးညွန့်လှိုင်၊ ရပ်မိရပ်ဖ ဦးမင်းစိန်၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်ဦး၊ ဟင်္သာတမြို့နယ် အနှေးယာဉ်အသင်းဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် အသင်း တာဝန်ရှိသူများက အမှတ်(၅၇ဝ)မြို့မအနှေးယာဉ် အသင်းသားများ၏ သားသမီးများအတွက် ပညာရေး အထောက်အပံ့ ပစ္စည်းများပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းသား မိဘများက လက်ခံ ရယူခဲ့ကြောင်း သတင်းရရှိသည်။


Leave a Reply