ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဟင်္သာတမြို့ “ခိုလှုံရာ” ခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာသို့ အလှူငွေပေးအပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ(၁) ရက်နေ့၊ နေ့လည်(၂)နာရီအချိန်တွင် ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးညွန့်ဦးနှင့်အလုပ်အမှုဆောင်များ၊ ရပ်မိရပ်ဖများ နှင့်အတူ ဟင်္သာတမြို့ ကနောင်စုရွာမလမ်းရှိ “ခိုလှုံရာ” ခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ အကျိုးဆောင် အဖွဲ့နှင့် သွားရောက်တွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် အကျိုးဆောင်အဖွဲ့ဝင် ဦးထွန်းဝင်းအောင်က “ခိုလှုံရာ” ခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမှ အလှူငွေများ ပေးအပ်ရာ အကျိုးဆောင်အဖွဲ့ဝင် ဦးထွန်းဝင်းအောင် က လက်ခံရယူပါသည်။

၎င်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး
နှင့်အဖွဲ့သည် ဘိုးဘွားများအား ကြည့်ရှု့အားပေးခဲ့ကြောင်း သတင်းရရှိသည်။


Leave a Reply