ဥရောပ ခရီးသွားရင်းနဲ့ တစ်ကိုယ်တော် စီးရီး အတွက် MTV ရိုက်ကူးခဲ့မယ့် ဇွဲပြည့်

‘အပြည်ပြည် ဆိုင်ရာ အသည်းကွဲသောနေ့’ သီချင်းနဲ့ ပရိသတ်တွေ ရဲ့ အားပေးမှု ရရှိလာတဲ့ ဇွဲပြည့် ကတော့ သူ့ရဲ့ဒုတိယ တစ်ကိုယ်တော် စီးရီးကို ၉ လပိုင်းမှာ ထွက်ရှိတော့ မှာဖြစ်ကြောင်း ပြောပါတယ်။ ဒုတိယ တစ်ကိုယ်တော် စီးရီးမှာ သီချင်းစုစုပေါင်း ၁၂ ပုဒ် ပါဝင်မှာ ဖြစ်သလို သီချင်းဟောင်းလည်း ၅ ပုဒ်လောက် ပါဝင်မှာဖြစ်ပြီး VCD ရော Audio ပါ တစ်ခါတည်း ထွက်ရှိ မှာဖြစ်ကြောင်း သိရပါသည်။

ဇွဲပြည့်က သြဂုတ်လထဲ မှာလည်း မိသားစု နဲ့အတူ Europe ဘက်ခရီး ထွက်ဖို့ရှိပြီး ဒီခရီးစဉ် မှာတော့ သူ့ရဲ့ဒုတိယ တစ်ကိုယ်တော် စီးရီး အတွက် Video ရိုက်ကူးလာမှာဖြစ်ကြောင်းလည်း သိရပါတယ်။

အဆိုဘက်အပြင် သရုပ်ဆောင်ပါ လုပ်ဖြစ်နေတဲ့ ဇွဲပြည့်က ဒါရိုက်တာ ဦးမြတ်ခိုင် ရိုက်ကူးတဲ့ ‘အပြည်ပြည် ဆိုင်ရာ အသည်း ကွဲသောနေ့’ ဗီဒီယို ဇာတ် ကားမှာ ရန်အောင်၊ ဆုပန်ထွာ၊ နှင်းယမုံဦး တို့နဲ့အတူ ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကား မှာ ခေါင်း ဆောင် မင်းသားအဖြစ် ပါဝင်ရတာဖြစ်ပြီး သူ့ရဲ့ဘဝ အကြောင်းလည်း တစ်စိတ် တစ်ဒေသ ပါဝင်မှာဖြစ်တဲ့ အတွက် ပိုပြီး အမှတ်တရ ရှိ ခဲ့ကြောင်းဇွဲပြည့်ကပြောပါတယ်။

”ဒီဇာတ်လမ်းမှာ ကျွန်တော့်ဘဝ အကြောင်း နည်း နည်းပါတယ်။ ကျွန်တော် အဆိုတော်ဖြစ်ချင်လို့ ရန်ကုန် ကို တက်လာတယ် ဆိုတဲ့ အကြောင်းလေးပါ။ ဒီဇာတ်ကားလေးက တော်တော်ကို အမှတ် တရရှိပါတယ်။ ကျွန်တော် ပထမဦးဆုံး အနုပညာ အလုပ် ကို ခြေချ လာတဲ့ အချိန် မှာ ‘အပြည်ပြည်ဆိုင်ရာ အသည်းကွဲ သောနေ့’ သီချင်း စဆိုခဲ့တယ်။ အခုကျ တော့လည်း ‘အပြည်ပြည် ဆိုင်ရာ အသည်း ကွဲသောနေ့’ ဗီဒီယိုဇာတ်ကား ရိုက်ကူးရတယ် ဆိုတော့ ကျွန်တော့် အတွက် အမှတ်တရ အများကြီးရှိပါ တယ်” လို့ ပြောပါတယ်။

 နောက်ပိုင်းမှာတော့ အဆိုဘက် ကိုပဲ တစိုက်မတ်မတ် လုပ်သွားမှာ ဖြစ်တဲ့ဇွဲပြည့်က ဖြိုးပြည့်စုံ၊ ခင်စုစု နိုင်၊ ချောငယ် တို့နဲ့အတူ အတွဲ စီးရီး တစ်ခွေ လည်း ထွက်ဖို့ရှိကြောင်း သိရပါတယ်။

တွယ်တာ၊


Leave a Reply