အမေရိကန်နိုင်ငံတွင် ဇီကာဗိုင်းရပ်စ် တိုက်ဖျက်ရန် ရောဂါတိုက်ဖျက်ရေးစင်တာက ဒေါ်လာ ၁၆ သန်း ထောက်ပံ့မည်

Aedes aegypti

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ ပြည်တွင်းခြင်မှ တစ်ဆင့် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည်ဟု ယူဆရသူ ၁၄ ဦး ရှိလာကြောင်း ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူးက သြဂုတ် ၁ ရက်တွင် ပြောသည်။

အမေရိကန်ရောဂါထိန်းချုပ် တားဆီးရေးစင်တာ (CDC)က ဇီကာဗိုင်းရပ်စ်ကြောင့် ဦးခေါင်းသေး ကလေးငယ်များ မွေးဖွားနိုင်မှုကို လျင်မြန်စွာသတိပြုမိရန်အတွက် သတင်းအချက်အလက် စုဆောင်းသည့် စနစ်များ ဖန်တီးရန် ပြည်နယ်နှင့် ပြည်နယ်အဆင့်အောက် ဒေသ ၄၀ သို့ ကန်ဒေါ်လာ ၁၆ သန်းကျော် ငွေကြေး ထောက်ပံ့သွားမည်ဟု သြဂုတ် ၂ ရက်တွင် ပြောသည်။

အဆိုပါငွေသည် ကွန်ဂရက်ထံမှ ဇီကာရန်ပုံငွေများ မရရှိမီ အခြားသော ပြည်သူ့ကျန်းမာရေး ရင်းမြစ်များမှ ဝေမျှပေးသည့် အရေးပေါ်ရန်ပုံငွေဖြစ်သည်ဟု CDCက ပြောသည်။

ဇီကာဗိုင်းရပ်စ်သည် လူအများစုအတွက် အန္တရာယ်မရှိသော်လည်း ယင်းဗိုင်းရပ်စ်ကြောင့် ဦးခေါင်းသေး ကလေး ငယ်များ မွေးဖွားလာနိုင်သည့် အခြေအနေရှိ သည်။

ဖလော်ရီဒါပြည်နယ် မီယာ မီမြို့ရှိ ရပ်ကွက်တစ်ခုတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀ ဦး ထပ်မံတွေ့ရှိကြောင်း သြဂုတ် ၁ ရက်က သတင်းထွက်ပြီးနောက်CDC အဖွဲ့သည် ဒေသခံအရာရှိများအား ကူညီရန် ပညာရှင် ရှစ်ဦးပါ အဖွဲ့တစ်ဖွဲ့ကို စေလွှတ်မည်ဟု ပြောသည်။

ဇီကာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ကန်ဒေါ်လာ ၁ ဒသ မ ၉ ဘီလီယံ ချပေးရန် အမေရိ ကန်သမ္မတ အိုဘားမားက ကွန်ဂရက်ထံ တောင်းဆိုထားသော်လည်း လွှတ်တော်အမတ်များက ယင်းတောင်းဆိုမှုကို တုံ့ပြန်ခြင်း မရှိသေးပေ။

အမေရိကန်နိုင်ငံရှိ ဖလော် ရီဒါ၊ လူဝီစီယားနားနှင့် တက္ကဆက်ပြည်နယ်ကဲ့သို့သော ပူနွေး စိုစွတ်သည့် ပြည်နယ်များ၌ ယခု နှစ်နွေရာသီအတွင်း ခြင်မှတစ်ဆင့် ဇီကာဗိုင်းရပ်စ် ကူးစက်မှုများ ရှိမည်ဟု ခန့်မှန်းကြောင်း CDC က အကြိမ်ကြိမ် ပြောခဲ့သည်။

သို့ရာတွင် လက်တင်အမေရိက၌ ဇီကာဗိုင်းရပ်စ် ဖြစ်ပွားမှုကဲ့သို့ အမေရိကန်နိုင်ငံတွင် ဖြစ်ပွားမည်ဟု မယူဆကြောင်း  ကန် အရာရှိများက ပြောသည်။

—Ref: UPI


Leave a Reply