အမေရိကန် တပ်ဖွဲ့မှ ပူးပေါင်းစစ်ဆင်ရေးအကြီးအကဲ တူရကီနိုင်ငံသို့ သွားရောက်

13680457_1737204639853370_6713891041653919461_o

အန်ကာရာ သြဂုတ် ၂

တူရကီနိုင်ငံ၏ မအောင်မြင်သော အာဏာသိမ်းမှုအပြီး အနောက်အုပ်စု၏ တူရကီနိုင်ငံအပေါ် တောင်းဆိုမှုများ အရာမရောက်သည့် အတွက် အမေရိကန် တပ်ဖွဲ့ ပူးပေါင်းစစ်ဆင်ရေး အကြီးအကဲ ဗိုလ်ချုပ်ဂျိုးဆက်ဒန်ဖော့ဒ်သည် တူရကီ နိုင်ငံသို့ သွားရောက်ခဲ့သည်။

တနင်္လာနေ့က ဒန်ဖော့ဒ်သည် တူရကီဝန်ကြီးချုပ် ဘိုင်နေလ်ရေလ်ဒရင်း နှင့် အန်ကာရာ၌ တွေ့ဆုံခဲ့သည်။ ဒန်ဖော့ဒ်သည် တူရကီတပ်ဖွဲ့ဝင်များ အာဏာသိမ်းရန် ကြိုးပမ်းမှုကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်ဟု တူရကီ ဝန်ကြီးချုပ်ရုံးခန်းမှ သိရသည်။

ထို့အပြင် အမေရိကန်တို့က တူရကီ နိုင်ငံ၏ ဒီမိုကရေစီကို အပြည့်အဝ ထောက်ခံကြောင်း ပြောခဲ့သည်။

တူရကီ ဝန်ကြီးချုပ်က တူရကီနိုင်ငံ က အလိုရှိသည့် ဖက်တူလာဂူလန်ကို အမေရိကန်တို့က လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်။ တူရကီနိုင်ငံက ဖက်တူလာဂူလန်ကို အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ကွယ်မှ ကြိုးကိုင်သူဟု ယူဆကြသည်။

အမေရိကန်တို့ကမူ လွှဲပြောင်းပေး ရန်သဘောမတူခဲ့ပေ။ ၄င်းပါဝင်ပတ်သက် သည်ဟူသော သက်သေပြချက်များ လိုအပ်ကြောင်း ပြောသည်။

ယခုသွားရောက်သည့် ခရီးစဉ်မှာ တူရကီနိုင်ငံအပေါ် အမေရိကန်၏ တုံ့ပြန်မှုများ အရာမရောက်သည်ကို ဖြေရှင်းရန် ရည်ရွယ်၍ သွားရောက်ခြင်း ဖြစ်သည်။

တူရကီနိုင်ငံသည် အိုင်အက်စ်တို့ကို တိုက်ခိုက်ရာ၌ အနောက်အုပ်စု၏ အဓိက မဟာမိတ်လည်းဖြစ်သည်။ ဂူလန်ကို လွှဲပြောင်းပေးရေးမှာ အမေရိကန်နှင့် တူရကီနိုင်ငံတို့ကြားဖြေရှင်းရန် ကျန်ရှိနေသည့် ကိစ္စရပ်ပင်ဖြစ်သည်။

(အင်န်အိတ်ခ်ျကေ)


Leave a Reply