ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ဟင်္သာတမြို့ အခြေခံအိမ်တွင်းမှု့သင်တန်း အမှတ်စဉ်(၂)သို့ တက်ရောက်သင်ယူနေသည့် သင်တန်းသူများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းတို့သည် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့၊ နေ့လည် (၁)နာရီအချိန်တွင် ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် အလုပ်အမှု့ဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့် အလုပ်အမှု့ဆောင်များနှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ အခြေခံ အိမ်တွင်းမှု့သင်တန်း အမှတ်စဉ်(၂)သို့ တက်ရောက် သင်ယူနေသည့် သင်တန်းဆရာမများ၊ သင်တန်းသူများနှင့် တွေ့ဆုံပါသည်။

13872819_413124058862727_4706294657622320627_n

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းတို့က သင်တန်းနည်းပြဆရာမများနှင့်သင်တန်းသူများအား ထောက်ပံ့ငွေများပေးအပ်လှူဒါန်းနေစဉ်

ထိုသို့တွေ့ဆုံရာတွင် ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ယခုသင်တန်းသည် သြဂုတ်လ(၅)ရက်နေ့တွင် ပြီးဆုံး မည်ဖြစ်ရာ မိမိအနေဖြင့် သင်တန်းဆင်းပွဲသို့ မအားလပ်သည့်အတွက် လာရောက်နိုင်ခြင်းမရှိသဖြင့် လာရောက်တွေ့ဆုံ အားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် မိမိတို့ တတ်မြောက်ခဲ့ သည့် ပညာဖြင့် မိမိအတွက် မိမိ မိသားစုအတွက်၊ မိမိပတ်ဝန်းကျင် နယ်မြေ အကျိုး၊ ဒေသအကျိုး ဝိုင်းဝန်းဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း၊ သင်တန်းနည်းပြ ဆရာမများကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။

New Picture (1)

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းအခြေခံအိမ်တွင်းမှု့သင်တန်းအမှတ်စဉ်(၂)မှသင်တန်းနည်းပြဆရာမများနှင့် သင်တန်းသူများအားအမှတ်တရ ထီးလက်ဆောင်ပေးအပ်နေစဉ်

New Picture (2) New Picture (3)

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းတို့က သင်တန်းသူများတစ်ဦးချင်း ချုပ်လုပ်ထားသည့် ဝတ်စုံနှင့်အထည်များကို လှည့်လည်ကြည့်ရှု့အားပေးနေစဉ်

၎င်းနောက် ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်း တို့က သင်တန်းနည်းပြဆရာမများနှင့် သင်တန်း သူများအား ထီးနှင့်ထောက်ပံ့ငွေများ တစ်ဦးချင်း ပေးအပ်ကာ သင်တန်းသူများ တစ်ဦးချင်ျးုပ်လုပ်ထားသည့် ဝတ်စုံနှင့် အထည်များကို လှည့်လည်ကြည့်ရှု့ အားပေး ခဲ့ကြောင်း သတင်းရရှိသည်။


Leave a Reply