ကော့ကရိတ်ပြည်ခိုင်ဖြိုး ကျုံဒိုးမြို့ (၃) ရပ်ကွက် ကျောင်းသား/သူများအတွက် စာရေးကိရိယာများ လှူဒါန်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ယနေ့ (သြဂုတ်လ ၃) ရက် နံနက် (၈) နာရီအချိန်တွင် ကျုံဒိုးမြို့ အမှတ် (၃) ရပ်ကွက်မှ ကျောင်းသားကျောင်းသူများအတွက် ဗလာစာအုပ် များ သွားရောက်လှူဒါန်းခဲ့ပါသည်။

ထိုသို့လှူဒါန်းရာတွင် အထက်တန်းအဆင့် (၆၄) ဦးအတွက် တစ်ဦးလျှင် (၅)အုပ်နှုန်းဖြင့် (၃၂၀)အုပ်၊ အလယ် တန်းအဆင့် (၇၈) ဦးအတွက် တစ်ဦးလျှင် (၄) အုပ်နှုန်းဖြင့် (၃၁၂) အုပ်၊ မူလတန်းအဆင့် (၁၃၉) ဦးအတွက် တစ်ဦးလျှင် (၃) အုပ်နှုန်းဖြင့် (၄၁၇) အုပ် စုစုပေါင်း ဗလာစာအုပ် (၁၀၄၉) အုပ် အား လှူဒါန်းခဲ့သည်။

ထို့အပြင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် တစ်ဦးလျှင် ဘောပင် (၃)ချောင်းစီကိုလည်းကောင်း၊ မူလတန်းအဆင့် ကျောင်းသားကျောင်းသူများအတွက် ဘောပင် (၁) ချောင်း၊ ခဲတံ (၂) ချောင်းစီကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Credit – Phyi Khing Phyo


Leave a Reply