ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင် (၃၀)ရက် နံနက် အချိန်က ကယားပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးသိန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီတို့မှ တက်ရောက်ချီးမြှင့် အမှာစကားများ အသီးသီးပြောကြားခဲ့သည်။

Kayah(2-8A_

Kayah(2-8C)

ယင်းနောက် ဗဟိုအလုပ်အမှုဆောင် ဦးစိုးသိန်းက မြို့နယ်(၇)မြို့နယ်အတွက် ဆိုင်ကယ်(၁)စီးစီနှင့် မယ်စဲ့၊ ဖားဆောင်း၊ ဘောလခဲ၊ ဖရူဆို၊ ရှားတောမြို့နယ် အတွက် မော်တော်ယာဉ်(၁)စီးစီအား သက်ဆိုင်ရာ ပါတီဥက္ကဋ္ဌထံသို့ ပေးအပ်လှူဒါန်းပါသည်။ ယနေ့ အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များ ပြည်နယ်၊ လွိုင်ကော်ခရိုင်/ဘောလခဲခရိုင်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆို မြို့နယ်၊ ဖရူဆိုမြို့နယ်၊ ရှားတောမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်း မြို့နယ်၊ မယ်စဲ့မြို့နယ်တို့မှ ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်ဟောင်းနှင့်အသစ်များ စုံညီစွာ တက်ရောက် ကြကြောင်း သိရှိရသည်။

ကယားလေး( လွိုင်ကော် )


Leave a Reply