မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်း အဝေးကို တိုင်းဒေသကြီးပါတီရုံးအစည်းအဝေးခန်းမတွင် ဇူလိုင်လ (၃၀) ရက် နံနက် (၉) နာရီကကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအထွေထွေအတွင်းရေးမှူးဦးတင်နိုင်သိန်း တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်မောင်မယ်လေးများက “ကေသရာဇာခြင်္သေ့” သီချင်းဖြင့် သီဆိုဖျော်ဖြေဧည့်ခံပြီးနောက် သဘာပတိအဖွဲ့မှနေရာယူကာ အစည်းအဝေးကို စတင်ဖွင့်လှစ်ပြီးနောက် သဘာပတိက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကိုထူးချွန်စွာအောင်မြင်ခဲ့သည့် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပါတီဝင်များ၏ သားသမီး များကို ဆုများချီးမြှင့်ခြင်း၊ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွင် အောင်နိုင်ခဲ့သော မြို့နယ်များနှင့် ရာခိုင်နှုန်း ၃ဝ အထက် ထောက်ခံမဲရရှိခဲ့သောမြို့နယ်များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်းကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးကို ခေတ္တရပ်နားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးပါတီကော်မတီ၏ ဖတ်ကြားတင်သွင်းခဲ့သည့် စည်းရုံးရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍနှင့် လူမှုယဉ်ကျေးကဏ္ဍ အစီရင်ခံစာများကို မှတ်တမ်းတင်ပြီး လက်ရှိ တိုင်းဒေသကြီးပါတီကော်မတီဝင်များက ကော်မတီတာဝန်များကို ပြန်လည်အပ်နှင်းခဲ့ကာ တိုင်းဒေသကြီး ပါတီပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးကော်မတီမှ ဖွဲ့စည်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ နှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေးကာ အစုအဖွဲ့သုံးဖွဲ့မှ အဖွဲ့လိုက်ဆွေးနွေးတင်ပြ လာသော တိုင်းဒေသကြီးပါတီကော်မတီဝင်လောင်း ၃ဝ အမည်စာရင်းအားတင်သွင်းခြင်း၊ ကြေညာခြင်းနှင့်အတည်ပြုခြင်းများကို ဆောင်ရွက်ခဲ့သည်။

အစုအဖွဲ့သုံးဖွဲ့မှတင်ပြလာသော တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး ပါတီ အတွင်းရေးမှူး လျာထားကိုးဦးစီ အမည်စာရင်းအနက်မှ ပါတီပြန်လည်ဖွဲ့စည်းရေး ကော်မတီ ဗဟိုသို့ ဆက်လက်တင်ပြမည့် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး လျာထားသုံးဦးစီ အမည်စာရင်းကိုကြေညာခဲ့ကာ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ၁၅ ဦး အမည်စာရင်းနှင့် တိုင်းဒေသကြီး ပါတီအရန်ကော်မတီဝင် ၁၅ဦး အမည်စာရင်းကိုသဘာပတိ ထံတင်သွင်းကြေညာအတည်ပြုခြင်း တို့ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ရွေးချယ်တင်မြှောက်ခံရသည့် တိုင်းဒေသကြီး ပါတီကော်မတီဝင် ၁၅ ဦးနှင့် တိုင်းဒေသကြီးအရန်ကော်မတီဝင် ၁၅ ဦးတို့သည် သဘာပတိ၏ရှေ့မှောက်တွင် ကတိသစ္စာပြု ပြီးနောက် သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုကြွေးကြော်သံ များဖြင့် ဟစ်ကြွေး၍ အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
အစည်းအဝေးပြီးဆုံးချိန်နောက်ပိုင်းတွင် ပါတီဗဟိုအလုပ်အမှုဆောင်နှင့် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးရဲမြင့်တို့က တိုင်းဒေသကြီးပါတီကော်မတီဝင်ဟောင်းများနှင့် ရွေးချယ်တင်မြှောက် ခြင်းခံခဲ့ရသည့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်၁၅ဦးနှင့် အရန်ပါတီကော်မတီဝင်၁၅ဦးတို့ အား ပြည်ခိုင်ဖြိုးပါတီရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များအပါအဝင် ပါတီကျစ်လျစ်ခိုင်မာရေး၊ ပြည်သူလူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးအစရှိသည်တို့ကို မှာကြားခဲ့သည်။

အစည်းအဝေးသို့ ပါတီဗဟိုအထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ ပါတီဗဟိုအကြံပေး ဦးသောင်း၊ ပါတီဗဟိုအလုပ်အမှုဆောင်နှင့် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးရဲမြင့်၊ ပါတီဗဟို အလုပ်အမှုဆောင်ဦးဝင်းရှိန်၊ ဗဟိုနာယကအဖွဲ့ဝင်ဦးလှထွန်း၊ ပါတီဗဟိုဌာနချုပ်မှ ဦးတင်ဦးလွင်၊ ဦးသောင်းအေး၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဝင်းမောင်၊ တိုင်း ဒေသကြီး ပါတီကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ ခရိုင်ပါတီ အတွင်းရေးမှူးများနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ တိုင်းဒေသကြီး ပြန်လည်ပြင်ဆင် ရွေးချယ်ရေးကော်မတီဝင်များ၊ မြို့နယ်ပါတီ အတွင်းရေးမှူးများနှင့် မြို့နယ်ပါတီ ကော်မတီ ဝင်များ၊ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအပါအဝင် စုစုပေါင်းအင်အား ၃ဝဝ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

သုတ


Leave a Reply