LG မှ OLED မျက်နှာပြင်အကွေးများ ထုတ်လုပ်ရန် ၁.၇၄ ဘီလျံ ရင်းနှီးမြုပ်နှံမည်

ကိုးရီးယားအခြေစိုက် စမတ်ဖုန်းနှင့် အီလက်ထရောနစ်ကုမ္မဏီ LG မှ ကွေးနေသော မျက်နှာပြင်များ ထုတ်လုပ်ရန် ဒေါ်လာ ၁.၇၅ ဘီလျံ အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

642d42e2da7734c89c4d0655b314c89a_L

LG အနေဖြင့် ၆ ကြိမ်မြောက်မျိုးဆက် မျက်နှာပြင်ကွေးအား မကြာသေးခင်အချိန်တွင် ထုတ်လုပ်နိုင်ပြီးဖြစ်သည့်အတွက် နောင်လာမည် မျက်နှာပြင်ကွေး မျိုးဆက်များအတွက် ယခုကဲ့သို့အရင်းအနှီး အမြောက်အများ ရင်းနှီးမြုပ်နှံခြင်းဖြစ်ကြောင်း သိရသည်။

LG အနေဖြင့် ဆမ်ဆောင်းနှင့်အပြိုင် မျက်နှာပြင်ကွေးများအား ထုတ်လုပ်လျက်ရှိပြီး OLED မျက်နှာပြင်အမျိုးအစား အား ကမ္ဘာနှင့်အဝှမ်း အောင်မြင်စွာ ထုတ်လုပ်လျက်ရှိသည်။ ဆမ်ဆောင်းအနေဖြင့် မိုဘိုင်းလောကတွင် OLED ထုတ်လုပ်မူ၌ ၉၅ ရာခိုင်နှုန်းအထိ သိမ်းပိုက်ထားလျက်ရှိပြီး LG အနေဖြင့် ဆမ်ဆောင်း အား ကျော်ဖြတ်နိုင်ရန် ယခုကဲ့သို့ ရင်းနှီးမြုပ်နှံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

LG သည် မျက်နှာပြင်ကွေးဖြင့် စမတ်ဖုန်းအပြင် တီဗွီများကိုပါ ထုတ်လုပ်ရန် စီစဉ်လျက်ရှိပြီး ၂၀၁၆ခုနှစ်တွင် OLED ဈေးကွက်၏ဝယ်လိုအားမှာ ၂၅ ဘီလျံထိရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မျက်နှာကွေးနည်းပညာသည် နောင်လာမည့် နှစ်အနည်းငယ်အတွင်း တဟုန်ထိုး တိုးတက်လာဖွယ် ရှိကြောင်းသိရသည်။ နည်းပညာသုတေသီများအနေဖြင့် OLED ဈေးကွက်တွင် ဆမ်ဆောင်းမှ ဥင်္ိးဆောင်လျက်ရှိကြောင်း သုံးသပ်ကြပြီး LG မှာ အကောင်းဆုံးကြိုးစားမူများဖြင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိကြောင်း သုံးသပ်ကြသည်။

Ref: Android Authority


Leave a Reply