Huawei GR5 Mini ပြည်တွင်းဈေးကွက်ဝင်

Huawei G စီးရီး၏ နောက်ဆုံးထွက် ထုတ်ကုန်သစ်ဖြစ်သည့် Huawei GR5 min စမတ်ဖုန်းကို ပြည်တွင်းဈေးကွက် တွင် ၀ယ်ယူနိုင်ပြီဖြစ်ပြီး အဆိုပါစမတ်ဖုန်းတွင် ဒုတိယမျိုးဆက် Smarter Fingerprint Identification 2.0 လက်ဗွေနည်းပညာနှင့် EMUI 4.1 စနစ်တို့ ထောက်ပံ့ပါဝင်ကြောင်း Huawei Myanmar မှသိရသည်။

New Picture

Huawei GR5 Mini သည် GSM Dual SIM အမျိုးအစားဖုန်း ဖြစ်ပြီး 2G/3G နှင့် 4G ကွန်ရက် များတွင် အသုံးပြု နိုင်မည်ဖြစ်သည်။ မြင်ကွင်းအရွယ်အစား ၅.၂ လက်မရှိပြီး 2GB RAM နှင့် 16GB သိုလှောင်မှုပမာဏရှိသည့်အပြင် 128GB ထိ MicroSD မှတစ်ဆင့် တိုးမြှင့်နိုင်မည်ဖြစ်သည်။ ကျော ဘက်ကင်မရာမှာ 13MP ဖြစ်ပြီး ရှေ့ဘက်ကင်မရာ မှာ 8MP အမျိုးအစားဖြစ်သည်။

၎င်းဖုန်းအား တန်ဖိုး ၂၁၉,ဝဝဝ ကျပ်ဖြင့် မြန်မာနိုင်ငံအရပ်ရပ်ရှိ Huawei Branded Shop များနှင့် Huawei နှင့် ချိတ်ဆက်ထားသော ဖုန်းဆိုင်များတွင် ၀ယ်ယူနိုင်မည်ဖြစ်ပြီး ရွှေရောင်၊ ငွေရောင် အရောင်နှစ်မျိုး ရှိမည်ဖြစ်သည်။


Leave a Reply