အားကစား သတင်းတိုများ

စည်းကမ်းများကို လေးစားလိုက်နာမှုအားနည်း၍ ဆာခိုအား အမေရိကန်ခရီးစဉ်မှ ပြန်လွှတ်လိုက်သော်လည်း ၎င်း၏ လုပ်ရပ်များ သည် ထပ်မံအပြစ်ပေး လောက်အောင် မပြင်းထန်ဟု လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က ပြောသည်။
————————————————————————————————–

စပါးနှင့် အက်သလက်တီကိုမက်ဒရစ်တို့၏ ICC ပွဲမတိုင်မီ စပါးနည်းပြ ပိုချက်တီနိုက အက်သလက်တီကိုနည်းပြ ဆီမြွန်နီသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးနည်းပြတစ်ဦးဟု ချီးကျူးပြောကြားသည်။ နှစ်ဦးစလုံးသည် အာဂျင်တီးနား သားများဖြစ်ပြီး လက်ရွေးစင်အသင်းတွင် အတူ ကစားခဲ့ကြသည်။

————————————————————————————————–

လီဗာပူးအသင်းက ယခုနွေရာသီတွင် ကစားသမားထပ်မံခေါ်ယူ မှုရှိ၊ မရှိမသေချာဟု နည်းပြ ဂျာဂန်ကလော့ပ်က ပြောကြားသည်။ လီဗာပူးက မက်တစ်၊ ဆာဒီယိုမိန်း၊ ကာရီယပ်စ်နှင့် ၀စ် နယ်ဒမ်တို့နှင့်အတူ အခြားကစားသမားများ ခေါ်ယူထားသည်။
————————————————————————————————–

ချယ်လ်ဆီးကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်သော ပွဲတွင် ဦးခေါင်းထိခိုက်ခဲ့ပြီးနောက် ပထမပိုင်းအပြီး လူစားလဲခဲ့ရသည့် ကွင်းလယ်လူ မာကို ဂရုဂျစ်အား ဆေးရုံတင်ထားရသည်။


Leave a Reply