ဟီရိုရှီးမားမြို့က အမှတ်တရ အဆောက်အအုံမှာ ပေါ့ကီမွန်တွေ ဖယ်ရှားပေးဖို့ မြို့တော်ဝန် တောင်းဆို

Japan

ဂျပန်နိုင်ငံမှာ ၁၉၄၅ ခုနှစ်က အနုမြူဗုံးကျရောက်ရာ ဟီရိုရှီးမားမြို့က အမှတ်တရ အဆောက်အအုံမှာ ပေါ့ကီမွန်အကောင်များ ထားရှိခြင်း မပြုရန် မြို့တော်ဝန်က တောင်းဆိုလိုက်ပါတယ်။

ပေါ့ကီမွန်ဂိုးဂိမ်းမှာပါတဲ့ ငြိမ်းချမ်းရေး အောက်မေ့ဖွယ်ရာ ပန်းခြံထဲက Pokestops နှင့် gyms များကို ဖျက်ပေးဖို့ မြို့တော်ဝန်က နင်တန်းဒိုးကုမ္ပဏီရဲ့ ဂိမ်းရေးဆွဲသူကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

သြဂုတ်လ ၆ ရက်မှာ ကျရောက်မယ့် အဏုမြူဗုံးကြဲချခံရမှု နှစ်ပတ်လည်နေ့မတိုင်မီ အနှောင့်အယှက်မဖြစ်အောင် ပေါ့ကီမွန်အကောင်လေးတွေကို ဖယ်ရှားပေးဖို့ အလိုရှိနေတာဖြစ်ပါတယ်။

“ဒီအဏုမြူဗုံးဒဏ်သင့် အမှတ်တရ အဆောက်အအုံမှာ ငြိမ်းချမ်းရေးအတွက် ဆုတောင်းဖို့ ခက်ခဲလာပါပြီလို့” မြို့တော်ဝန်ရဲ့ စာကို ရုပ်သံလိုင်း NHK က ဖော်ပြခဲ့ပါတယ်။

၂၀၁၁ ခုနှစ်က ငလျင်နဲ့ ဆူနာမီကြောင့် ပျက်စီးခဲ့ပြီး ရေဒီယိုသတ္တိကြွဓာတ်များ ပျံ့နှံ့နေတဲ့ ဖူကူရှီမား နျူကလီးယား ဓာတ်အားပေးစက်ရုံ အနီးတစ်ဝိုက်မှာ ပိုကီမွန်များ ထားရှိခြင်း မပြုရန်လည်း တာဝန်ရှိသူများက တောင်းဆိုထား ပါတယ်။

အလွန်ရေန်းစားနေတဲ့ ပေါ့ကီမွန်ဂိုးဂိမ်းကို ဂျပန်နိုင်ငံမှာ ပြီခဲ့တဲ့ သောကြာနေ့ (ဇူလိုင် ၂၂ ရက်) က စတင် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Ref; EPA


Leave a Reply