ဘင်္ဂလားဒေ့ရှ်တွင် ပစ်သတ်ခံရသော အစွန်းရောက်များ၌ အမေရိကန်နိုင်ငံသား တစ်ဦးပါဝင်

ဒါကာမြို့တွင် ဖြစ်ပွားခဲ့သော ကြီးမားသည့် ပစ်ခတ်တိုက် ခိုက်မှုတစ်ခုအတွင်း သေဆုံးသွား သည့် အစ္စလာမ်မစ် အစွန်းရောက်ဟု သံသယရှိသူ ကိုးဦးအနက် တစ်ဦးသည် ဘင်္ဂလားဒေ့ရှ်ဇာတိ အမေရိကန်နိုင်ငံသားဖြစ်ပြီး ယင်းပစ်ခတ်မှုဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားသူတစ်ဦးကို ရဲတပ်ဖွဲ့ က ရှာဖွေနေသည်။

စစ်သွေးကြွများ ပုန်းခိုနေသည့် နေရာတစ်ခုကို အင်္ဂါနံနက်က စီးနင်းရာတွင် သေဆုံးသွားသော လူငယ်စစ်သွေးကြွ ကိုးဦး၌ ရှဟာဇက်ရုဖ်ဆိုသူလည်း တစ်ဦး ပါဝင်ကြောင်း ဒါကာမြို့တော် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မာဆူဒါရာမန်က အေအက်ဖ်ပီသတင်းဌာနအား ပြောကြားသည်။

ရှဟာဇက်ရုဖ်သည် အမေရိ ကန်နိုင်ငံသားဖြစ်ပြီး မည်သူမည် ၀ါဖြစ်ကြောင်း လက်ဗွေရာများ စစ်ဆေးခြင်းဖြင့် မိမိတို့ အတည်ပြုခဲ့သည်ဟု ရာမန်က ပြောကြားသည်။

အခြားသေဆုံးသော စစ်သွေးကြွခြောက်ဦးကိုလည်း မည်သူ မည်ဝါဖြစ်ကြောင်း အမျိုးသား သတ်သေခံ ကတ်ပြားများနှင့် လက်ဗွေရာကို စစ်ဆေးကာ ရဲတပ်ဖွဲ့ စုံစမ်း စစ်ဆေးရေးမှူးများ က ဖော်ထုတ်ခဲ့သည်ဟု ရာမန်က ပြောသည်။‘

ဒါကာမြို့ ကယ်ယန်ပါဒေသရှိ ခြောက်ထပ်တိုက်ခန်းတစ်ခုကို ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ရှာဖွေခဲ့ပြီး လွတ်မြောက် သွားသူနှင့် စီးနင်းမှုအတွင်း ဖမ်းမိသူတစ်ဦးတို့က အိုင်အက်စ်အဖွဲ့နှင့် ဆက်နွှယ်သည်ဆိုသော အဖွဲ့နှင့် ပတ်သက်၍ သတင်းပေးနိုင်မည် ဟု ရဲတပ်ဖွဲ့ကယုံကြည်နေသည်။

အသက်ရှင်လျက် ဖမ်းမိသူ ဟာဆန်က ၎င်းတို့သည် အိုင်အက်စ်အဖွဲ့ဝင်များဖြစ်သည်ဟု ပြောကြားကြောင်း လုံခြုံရေး အရာရှိတစ်ဦးက ပြောသည်။

ဟာဆန် (၂၅) နှစ်ကိုမူ ဆေးရုံတင်ထားရသည်။

ရှဟာဇက်ရုဖ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ နော့သ်ဆောက်တက္ကသိုလ်မှ စီးပွားရေးစီမံခန့်ခွဲမှုပညာ ကျောင်းသားဖြစ်သည်။

ယင်းတက္ကသိုလ်တွင် ငွေကြေးချမ်းသာသော မိသားစုများ၏ သားသမီးများ တက်ရောက်ပြီး အစ္စလာမ်မစ် အစွန်းရောက်များ ထွက်ပေါ်ရာ နေရာတစ်ခု ဖြစ်သည်။

—Ref: AFP


Leave a Reply