တိုက်စစ်မှူးသစ် အီဗရာဟီမိုဗစ် မန်ယူအသင်းသားများနှင့်အတူ လေ့ကျင့်ခန်းဆင်း

Spots

ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဗရာဟီမိုဗစ်သည် မန်ယူအသင်းသားများနှင့်အတူ ကြာသပတေးနေ့က ပထမဆုံး လေ့ကျင့် ခန်းဆင်းခဲ့ပြီး စနေနေ့တွင် ကစားမည့် ဂါလာတာစာရေးနှင့် ပွဲအတွက် ကြိုတင်ပြင်ဆင်နေသည်။

ယခုလအစောပိုင်းက ပီအက်စ်ဂျီမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် မန်ယူသို့ ရောက်လာသည့် အီဗရာဟီမိုဗစ် (၃၄) နှစ်က မန်ယူသို့ ပြောင်းရွှေ့လိုသောကြောင့် အမေရိကန်မေဂျာလိဂ် ဒေးဗစ်ဘက်ခမ်း၏ အသင်းက ခေါ်ယူရန် ကြိုးပမ်းမှုကို ပယ်ချခဲ့သည်ဟု ပြောသည်။

အီဗရာဟီမိုဗစ်သည် စနေနေ့တွင် မိခင်နိုင်ငံရှိ ဂိုသန်ဘာ့ဂ်မြို့တွင် ယှဉ်ပြိုင်မည့် ဂါလာတာစာရေးနှင့်ပွဲတွင် မန်ယူအတွက်ပထမဆုံး  ပါဝင်ကစားမည်ဟု မျှော်လင့်ရသည်။

ဂါလာတာစာရေးနှင့် ခြေ စမ်းပြီးနောက် မန်ယူသည် အဲဗာတန်နှင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပထမဆုံးပြိုင်ပွဲ အက်ဖ်အေ ကွန်မြူနတီ ဒိုင်းပြိုင်ပွဲကို လက်စတာနှင့် သြ ဂုတ် ၇ ရက်၌ ရင်ဆိုင်ရမည်ဖြစ် သည်။ထိုအတောအတွင်း မန်ယူက ဂျူဗင်တပ်မှ ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူရန် သဘောတူညီမှုရရှိထားကြောင်း အင်္ဂလန် သတင်းများက ဖော်ပြသည်။

ဂျူဗင်တပ်အသင်းအရာရှိ သတင်းရင်းမြစ်တစ်ခုက မန်ယူ သည် ပေါ့ဂ်ဘာကို ခေါ်ယူရန် သဘောတူညီမှုရပြီဟု ပြောကြောင်း The Sun သတင်းက ဖော်ပြသည်။

Guardian သတင်းစာက လည်း မန်ယူသည် ပေါ့ဂ်ဘာကို ၄၈ နာရီအတွင်း ခေါ်ယူမည်ဟု ဖော်ပြသည်။

ဂျူဗင်တပ်က နာပိုလီတိုက် စစ်မှူး ဟီဂူအင်ကို ယူရိုသန်း ၉၀ဖြင့် ခေါ်ယူပြီးနောက် ပေါ့ဂ်ဘာ အား ရောင်းချဖွယ် ရှိသည်ဟု သတင်းများ ပေါ်ထွက်နေသည်။

နည်းပြသစ် မော်ရင်ဟို၏ မန်ယူအသင်းက ပေါ့ဂ်ဘာကို တစ်ရာသီလျှင် ယူရိုသန်း ၂၀ ဖြင့် ငါးနှစ်စာချုပ် ချုပ်ဆိုရန် စီစဉ်ထားသည်ဟု အီတလီသတင်းဌာနများက ဖော်ပြသည်။

—Ref:GoalGoal/AS


Leave a Reply