အင်္ဂလန်နှင့် အီတလီမှ ကမ်းလှမ်းမှုများကို စိတ်ဝင်စားခဲ့ဖူးသည်ဟု ဆီမြွန်နီ ၀န်ခံ

13879423_1744204015832482_1136960811909887424_n

အက်သလက်တီကိုနည်းပြ ဆီမြွန်နီက အင်္ဂလန်ပရီးမီးယားလိဂ်နှင့် အီတလီစီးရီးအေမှ ကမ်းလှမ်းမှုများကို စိတ်ဝင်စားခဲ့ဖူးသည်ဟု ၀န်ခံပြောကြားခဲ့သည်။

ဆီမြွန်နီသည် အက်သလက်တီကိုအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲ ရောက်ရှိသည်အထိ ဦးဆောင်မှုပေးနိုင်ခဲ့ခြင်းကြောင့် ဥရောပထိပ်တန်းအသင်းများစွာ၏ ပစ်မှတ် နည်းပြ တစ်ဦး ဖြစ်ခဲ့သည့်အပြင် အာဂျင်တီးနားလက်ရွေးစင် အသင်း၏ နည်းပြရာထူးအတွက်လည်း လျာထားခံခဲ့ရသည်။

သို့သော် အက်သလက်တီကိုအသင်းတွင်သာ ဆက်နေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းအခြေအနေအတွက် ဆီမြွန်နီက “ကျွန်တော်က လူငယ်နည်းပြတစ်ယောက် ဖြစ်တာကြောင့် ဘယ်နေရာမှာမဆို စိန်ခေါ်မှုတွေကို ရင်ဆိုင် နိုင်လိမ့်မယ်လို့ ထင်မှတ်ခဲ့ပါတယ်။

ကျွန်တော့်ရဲ့ နည်းပြစွမ်းရည်ကို သက်သေပြဖို့ အခွင့်အရေးတွေလည်း အများကြီးရရှိခဲ့ပါတယ်။ အင်္ဂလန်နဲ့ အီတလီက ကမ်းလှမ်းမှုတွေကတော့ စိတ်ဝင်စားစရာ အကောင်းဆုံးပါ။ ဒါပေမဲ့ အက်သလက်တီကိုအသင်းကိုပဲ ပိုပြီး အင်အားတောင့်တင်းအောင် တည်ဆောက်ပေးဖို့ ရွေးချယ်ခဲ့ပါတယ် “ဟု ဆိုခဲ့သည်။

Photo: Gettyimages


Leave a Reply