ဆီးရီးယား၌ သုံးလအတွင်း လက်နက်ချသည့်သူပုန်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်

13620964_1063726620386891_5402289096241911082_n

ဒမတ်စကတ် ဇူလိုင် ၂၈

သုံးလတာကာလအတွင်း အစိုးရထံ လက်နက်ချသော လက်နက်ကိုင်သူပုန်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေး မည်ဟု ဆီးရီးယား သမ္မတ ဘာရှားအယ်လ်အာဆတ်က ဇူလိုင် ၂၈ ရက်တွင် ကမ်းလှမ်းလိုက်ကြောင်း နိုင်ငံပိုင် ဆာနား သတင်းဌာနက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၈ ရက်မှအစပြု၍ သုံးလတာကာလအတွင်း အစိုးရထံလက်နက်ချကာ အလင်းဝင်ရောက်သော သူပုန်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဖြစ်ကြောင်း အဆိုပါ အမိန့်တွင် ဖော်ပြထားသည်။

ငါးနှစ်ကြာ စစ်ရေးပဋိပက္ခအတွင်း သမ္မတအာဆတ်က ပြည်တွင်းစစ်အဆုံးသတ်စေရန် ရည်ရွယ်လျက် ကြိမ်ဖန် များစွာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့၏ အရှေ့ပိုင်းအရပ်တွင် စစ်ဦးစီးချုပ်၏ ကမ်းလှမ်းချက်အဖြစ် လက်ကမ်းစာစောင် အများအပြားကို ဝေဟင်မှ ကြဲချခဲ့သည်။ သူပုန်တပ်ဖွဲ့ဝင်များ လက်နက်ချရန်နှင့် အစိုးရတပ်ဖွဲ့များနှင့်အတူ အရပ်သူ အရပ်သားများ ပူးပေါင်းဆောင်ရွက်ကြရန် ယင်းလက်ကမ်း စာစောင်တွင် ဖော်ပြထားသည်။

ဆင်ဟွာ။


Leave a Reply