အိုလံပစ်အခမ်းအနားသို့ ရာထူးမှဆိုင်းငံ့ထားသည့် သမ္မတဒီမာရိုဆက်ဖ် တက်ရောက်မည်မဟုတ်

13719588_1734774753429692_1138734621524117663_o

ရီယိုဒီဂျနေရိုး ဇူလိုင် ၂၇

ရာထူးမှ ခေတ္တဆိုင်းငံ့ထားသည့် ဘရာဇီးသမ္မတ ဒီမာရိုဆက်ဖ်သည် ရီယိုအိုလံပစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မည် မဟုတ်ဟု ပြောခဲ့သည်။

အကြောင်းမှာ ၎င်းသည် မာရာကာနာ အားကစားရုံ၌ ကျင်းပမည့်ဖွင့်ပွဲအခမ်းအနား၌ ဒုတိယနေရာမှနေ၍ တက်ရောက်ရမည် ဖြစ်သောကြောင့်ဖြစ်သည်။ ယာယီသမ္မတ မိုက်ကယ်တမ်မာ၏ ပြောရေးဆိုခွင့်ရှိသူက ဒီမာရိုဆက်ဖ် သည် ဖွင့်ပွဲအခမ်းအနား၌ ယာယီသမ္မတ၏ ဘေးတွင် နေရာယူရမည် မဟုတ်ဘဲ ၄င်းထက် တစ်ဆင့် နိမ့်သော နေရာတွင် တက်ရောက်ရမည်ဖြစ်သည်ဟု ပြောခဲ့သည်။

ဘရာဇီးသမ္မတဟောင်း ဖြစ်သူ Lula က လည်း ဖွင့်ပွဲအခမ်းအနားတက်ရောက်ရန် ဖိတ်ကြားမှုကိုငြင်းဆိုခဲ့သည်။ ထို့ပြင် ယာယီ သမ္မတတမ်မာနှင့် ၄င်း၏ ပါတီ မဟာမိတ်များ၏ နိုင်ငံရေးအရနှိပ်ကွပ်နေမှုများကိုလည်း ခံစားနေရ ကြောင်း ပြောခဲ့သည်။

ရိုဆက်ဖ်သည် စွပ်စွဲထားမှုများအား ပြန်လည် ချေပနိုင်ခြင်းမရှိဘဲ ရှုံးနိမ့်ခဲ့လျှင် သမ္မတရာထူးမှ ဖယ်ရှားခံရမည့် အရေးနှင့် ကြုံတွေ့နေရသည်။ တခြားသော ဘရာဇီး သမ္မတဟောင်း တစ်ဦးဖြစ်သူ Fernando Henrique Cardoso ကလည်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မည် မဟုတ်ပေ။

ရိုဆက်ဖ်သည် ပြင်သစ်ရေဒီယိုလိုင်းတစ်ခုသို့လည်း ၎င်း၏ အစိုးရအဖွဲ့နှင့် Lula ၏ အစိုးရ အဖွဲ့တို့သည် အိုလံပစ် အားကစားပြိုင်ပွဲကြီး ဖြစ်မြောက်အောင် အတူတကွကြိုးပမ်းခဲ့ကြကြောင်း အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေး အခြေခံ အဆောက်အအုံများ တည်ဆောက်ရာ၌လည်း ဘဏ္ဍာငွေများရှာဖွေခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

(ဘီဘီစီ)


Leave a Reply