ထိုင်းတွင် ကျွမ်းကျင်အဆင့် ဉာဏလုပ်သားများ အနိမ့်ဆုံးလုပ်အားခ တနေ့ဘတ် ၅၅၀ တိုးမြှင့်မည်

RAYONG, THAILAND - 2009/03/19: A Thai worker on the production line at the Auto Alliance automobile plant at the Hemaraj Eastern Seaboard Industrial Estate in Rayong province about 2 hours drive east of Bangkok. The factory is a joint venture between Mazda and Ford and has a monthly production capacity of 175,000 vehicles. At full tilt the factory produces a new car every 1.6 minutes. Feeling the impact of a global economic slowdown, Ford says it has cut production by about 20%, slowing its production line to a rate of one new car every 2.8 minutes. The company claims that it has not yet laid off any of its workers. A hub for auto manufacturing in Asia, Thailand is often dubbed 'the Detroit of the East'.. (Photo by Yvan Cohen/LightRocket via Getty Images)

ထိုင်းနိုင်ငံတ၀ှန်းလုံးရှိ လုပ်ငန်းကျွမ်းကျင်အဆင့် ဉာဏအလုပ်သမားတွေရဲ့ နေ့တွက် အနိမ့်ဆုံးလုပ်အားခကို ဘတ် ၅၅၀ တိုးပေးမယ်လို့ ထိုင်းအလုပ်သမား ၀န်ကြီးဌာန ၀က်ဘ်ဆိုက်မှာ ဇူလိုင် ၂၆ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာထား ပါတယ်။

ထိုင်းနိုင်ငံရှိ ကျွမ်းကျင်အလုပ်သမားများရဲ့ အရည်အချင်းကို အသိအမှတ်ပြုတဲ့ အနေနဲ့ရော၊ ပြောင်းလဲလာတဲ့ စီးပွားရေးအခြေအနေနဲ့ လိုက်လျောညီထွေစွာ ကျွမ်းကျင်အဆင့် နေ့တွက်လုပ်အားခတွေ တိုးပေးဖို့ အလုပ်သမား ၀န်ကြီးဌာနရဲ့ အဆိုပြုထားချက်ကို ထိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီးများ အစည်းအဝေးက အတည်ပြု ပေးခဲ့တာလို့  အလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူနဲ့ အလုပ်သမား ၀န်ထမ်းစစ်ဆေးရေး အရာရှိ နိုင်းထိရဖွန်း ခွန်မိုင်းက ပြောကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။

အနိမ့်ဆုံးလုပ်အားခ တိုးမြှင့်မှုဟာ လာမယ့် သြဂုတ် ၁၀ ရက်နေ့ကစပြီး အသက်ဝင်မှာ ဖြစ်ပါတယ်။

လုပ်အားခတိုးမြှင့်ပေးမယ့် အလုပ်သမားတွေမှာ စက်မှုလက်မှုဇုန်များရှိ  လျှပ်စစ်ပစ္စည်းဆိုင်ရာ ကျွမ်းကျင်လုပ်သား များ၊ မော်တာတပ်ဆင်လုပ်ငန်း၊ စက်ပစ္စည်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း၊ လျှပ်စစ်နဲ့ အီလက်ထရောနစ်ဆိုင်ရာ လုပ်ငန်း၊ လုံခြုံရေးဆိုင်ရာ လျှပ်စစ်ပစ္စည်းများ တပ်ဆင်ထိန်းသိမ်းပြုပြင်ခြင်း၊ ကျောက်မျက်ရတနာ လက်ဝတ်တန်ဆာ ထုတ်လုပ်ခြင်း၊  အလေးချိန် ဆယ်တန်ထက်မပိုတဲ့ ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း၊ မော်တော်ကားစက်ပစ္စည်း တပ်ဆင်ခြင်း၊ ကားဘော်ဒီများ ထုတ်လုပ်ဆေးမှုတ်ခြင်း အစရှိတဲ့ ဉာဏ်စွမ်းအားဖြင့်ပါ အသုံးပြုရတဲ့ လုပ်ငန်း အမျိုးအစားပေါင်း ၃၅ မျိုးတို့မှ အလုပ်သမားတွေ ဖြစ်ကြပါတယ်။

အဆိုပါအလုပ်သမားတွေရဲ့ လက်ရှိ အနိမ့်ဆုံးနေ့တွက်မှာ ဘတ် ၄၂၀ ဖြစ်ပါတယ်။ 

(DVB)


Leave a Reply