လောက်ကိုင်ခရိုင်နှင့် ကွမ်းလုံခရိုင်ပါတီများ မျက်နှာစုံညီအစည်းအဝေးနှင့် ခရိုင်ပါတီကော်မတီ ပြန်လည်ရွေးချယ်ပွဲများ ကျင်းပပြီးစီး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်ခရိုင်နှင့် ကွမ်းလုံခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ခရိုင်ပါတီပြန်လည် ပြင်ဆင်ဖွဲ့စည်းရေး အခမ်းအနားများ ကိုကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

လောက်ကိုင်ခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ခရိုင်ပါတီ ပြင်ဆင် ဖွဲ့စည်းရေးအခမ်းအနားကို ဇူလိုင်လ (၂၂) ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ပြီး ခရိုင်ပါတီကော်မတီအား ပြန်လည်ရွေးချယ်ဖွဲ့စည်းရာ ခရိုင်ပါတီဥက္ကဋ္ဌ အဖြစ် ဦးခင်မောင်လွင်၊ အတွင်းရေးမှူးအဖြစ် ဦးလျိုမောင်မာင်၊ ဘဏ္ဌာရေးမှူး အဖြစ် ဦးရင်မာစန်း တို့အားရွေးချယ်အတည်ပြု၍ ခရိုင်ပါတီကော်မတီ၊ အရန်ကော်မတီများကို ပြန်လည် ရွေးချယ်ဖွဲ့စည်းခဲ့သည်။

ကွမ်းလုံခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ခရိုင်ပါတီပြင်ဆင်ဖွဲ့စည်းရေး အခမ်းအနားကို ဇူလိုင်လ (၂၀)ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ပြီး ခရိုင်ပါတီဥက္ကဋ္ဌ အဖြစ် ဦးထွန်းရင်၊ အတွင်းရေးမှူး အဖြစ် ဦးစိုင်းခမ်း၊ ဘဏ္ဌာရေးမှူးအဖြစ် ဦးနေလင်းတို့အား ရွေးချယ်အတည်ပြု၍ ခရိုင်ပါတီကော်မတီ၊ အရန်ကော်မတီ များကို ပြန်လည် ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Credit – USDP Shan – North


Leave a Reply