လွှတ်တော်ကို သွားရောက်လေ့လာခဲ့တဲ့ မယ်စကြဝဠာ မန္တလေးအလှမယ်များ

ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် ပြန် လည်စတင်သည့်နေ့တွင် နေပြည် တော်၌ ရောက်ရှိနေသော မယ် စကြဝဠာ မန္တလေး ၂၀၁၆ ဆန်ခါ တင်အလှမယ်များကို လွှတ်တော် သို့ သွားရောက်လေ့လာစေခဲ့ ကြောင်း ယင်းပြိုင်ပွဲကို စီစဉ် ကျင်းပသူ ဦးရော်နီညိမ်းက ပြော သည်။

‘‘နေပြည်တော်ကို ရောက် နေခိုက် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ် တော် ဒုတိယပုံမှန်အစည်းအဝေး များရဲ့ ပထမနေ့နဲ့ ကြုံကြိုက်နေ တာကြောင့် အလှမယ်Miss တွေ အနေနဲ့ မိမိနိုင်ငံရဲ့ လွှတ်တော်သုံး ရပ်ရဲ့ လှုပ်ရှားသက်ဝင် အလုပ် လုပ်နေကြပုံတွေကို သိသင့်သိ ထိုက်တာကြောင့် တစ်ရက်တာ လက်တွေ့သွားရောက်လေ့လာရ ခြင်းဖြစ်ပါတယ်’’ဟု လွှတ်တော် သို့ သွားရောက်လေ့လာဖြစ်သည့် အကြောင်းကို ဦးရော်နီညိမ်းက ပြောသည်။မယ်စကြဝဠာ မန္တလေး၂၀၁၆ ဆန်ခါတင်အလှမယ်များ သည် နေပြည်တော်သို့ ပြီးခဲ့သည့် ရက်က ရောက်ရှိနေပြီး နေပြည် တော်တွင် ပြိုင်ပွဲအတွက် အလှ ဓာတ်ပုံရိုက်ကူးခြင်းနှင့် တပ်မတော်စစ်သမိုင်းပြတိုက်သို့ သွား ရောက်လေ့လာခဲ့ကြသည်။

ထို့အပြင် ဆန်ခါတင်အလှ မယ်များသည် မန္တလေးတိုင်း ပျဉ်း မနားမြို့ကို ကိုယ်စားပြုခဲ့သော မြန်မာနိုင်ငံ၏ ပထမဆုံး ပြည် ထောင်စုမယ် ဒေါ်ခင်သန်းနုကို သွားရောက်ဂါရဝပြုရန် အစီအ စဉ်ရှိသကဲ့သို့ ဇူလိုင် ၂၉ ရက်တွင်ဖွင့်လှစ်မည့် Yangon Internat-ional Hotel Japan ၏ Wine Bar အသစ်ဖွင့်ပွဲ၌ မယ်စကြဝဠာ မန္တလေး ၂၀၁၆ ပြိုင်ပွဲဆန်ခါတင် အလှမယ်များက ရွှေကြိုတာဝန် များကို ဆောင်ရွက်ကြမည်ဖြစ် ကြောင်း ဦးရော်နီညိမ်းက ပြော သည်။ မယ်စကြဝဠာ မန္တလေး ၂၀၁၆ ပြိုင်ပွဲကို ဩဂုတ် ၇ ရက် တွင် မန္တလေးမြို့တော်ခန်းမ၌ ပြုလုပ်မည်ဖြစ်ပြီး ဆန်ခါတင် အလှမယ်များကို Cho Gyi Super Stars Modeling Agency က သင်တန်းပေးမည်ဟု ၎င်းက ပြောသည်။


Leave a Reply