မိုင်ဂျာယန်အစည်းအဝေးတွင် ခေါင်းစဉ်ကြီးလေးရပ် ဆွေးနွေးမည်

မိုင်ဂျာယန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီအစည်းအဝေးတွင် ခေါင်းစဉ်ကြီးလေးရပ် ဆွေးနွေး ဆုံးဖြတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ မျက်နှာစုံညီ အစည်း အဝေးကို ယနေ့ (ဇူလိုင် ၂၆ ရက်) မှစ၍ လေးရက်ကြာ ပြုလုပ်မည်ဖြစ်သည်။

‘‘ခေါင်းစဉ်လေးရပ်ကိုပဲ ဆွေးနွေးမှာပါ။ ပထမတစ်ချက်ကတော့ ပင်လုံလက်စွဲစာသားနဲ့ ပတ်သက်လို့ ဆွေးနွေး မယ်။ ပြီးလို့ရှိရင် အခြေခံဥပဒေနဲ့ပတ်သက်တဲ့ အခြေခံမူလေးတွေ ဆွေးနွေးမယ်။ ပြီးလို့ရှိရင် လုံခြုံရေးနဲ့ ကာကွယ် ရေးဆွေးနွေးမယ်။ နောက်ဆုံးတစ်ခု နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင်ကို သုံးသပ်မယ်’’ ဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ မျက်နှာစုံညီအစည်းအဝေး ပြောရေးဆိုခွင့်ရှိသူ ခူးဦးရယ်က ပြောသည်။

အစည်းအဝေးတက်ရောက်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီးယားတို့ ဇူလိုင် (၂၅) ရက် ညနေတွင် မိုင်ဂျာယန်သို့ ရောက်ရှိခဲ့သည်ဟု သိရသည်။

7 Day Daily


Leave a Reply