‘The Vampire Diaries’ ဇာတ်လမ်းတွဲ Season 8 ဖြင့် အဆုံးသတ်မည်

အမေရိကန် သဘာဝလွန်ဒရာမာ ရုပ်သံဇာတ်လမ်းတွဲ ‘The Vampire Diaries’ သည် Season 8 အပြီးတွင် အဆုံးသတ်မည်ဟု ယင်းဇာတ်လမ်းတွဲကို ထုတ်လွှင့်သည့် အမေရိကန် ရုပ်သံကွန်ရက် The CW က ကြေညာသည်။

the-vampire-diaries-759

သွေးစုပ်ဖုတ်ကောင်များအကြောင်း အဓိကအသားပေးရိုက်ကူးထားသော ‘The Vampire Diaries’ ဇာတ်လမ်းတွဲ ကို ၂၀၀၉စက်တင်ဘာကတည်းက The CWရုပ်သံ ကွန်ရက်က ထုတ်လွှင့်ပြသခဲ့သည်။ အချိန်အားဖြင့် ခုနစ်နှစ် ခန့်ကြာပြီဖြစ်သော ယင်းဇာတ်လမ်းတွဲသည် Season 7 အထိထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ရာ လာမည့် Season 8 သည် နောက်ဆုံးဖြစ်မည်ဟု The CW က အ တည်ပြုပြောကြားသည်။

ယင်းဇာတ်လမ်းတွဲတွင် သွေးစုပ်ဖုတ်ကောင်ညီအစ်ကို Damon Salvatore နှင့် Stefan Salvatore အဖြစ် သရုပ်ဆောင် သည့် အီယန်ဆမ်းအားဟယ်ဒါ နှင့် ပေါလ်ဝီစလေတို့ကလည်း နှစ်ကာလကြာရှည်စွာ ၎င်းတို့တင် ဆက်ခဲ့သည့် ‘The Vampire Diaries’ အစီအစဉ်အတွက် ချီး ကျူးဂုဏ်ပြုစကားဆိုခဲ့သည်။

‘The Vampire Diaries’ ၏ အဓိကသရုပ်ဆောင်မင်းသမီး တစ်လက်ဖြစ်သော နီနာဒိုဗရက် သည် ၂၀၁၅ တွင် ယင်းအစီအစဉ် မှ ထွက်ခွာခဲ့ပြီးနောက်  အဓိက သရုပ်ဆောင်မင်းသားများဖြစ် သော အီယန်ဆမ်းအားဟယ်ဒါ နှင့် ပေါလ်ဝီစလေတို့ကလည်း အစီအစဉ်မှထွက်ခွာရန် ပြောဆို လာခဲ့သည်ဟု People မဂ္ဂဇင်းက ဖော်ပြသည်။

‘The Vampire Diaries’ Season 8 ကို အမေရိကန်နိုင်ငံ၌ လာမည့်အောက်တို ဘာ ၂၁ ရက်တွင် စတင်ပြသ မည်ဖြစ်သည်။

7 Day DAily


Leave a Reply