နားဆင်ရတော့မယ့် ဆုန်သင်းပါရ်ရဲ့ ကိုယ်ပိုင်သံစဉ် သီးသန့်စုစည်းမှု

ကိုယ်ပိုင်သံစဉ်သီချင်း များ ပါဝင်မည့် ‘အထင်ကရတေး များ-၁’ Live Show အခွေကို ဩဂုတ် ၁ ရက်တွင် ဖြန့်ချိပေး မည်ဟု ဆုန်သင်းပါရ်က ပြော ကြားသည်။

‘‘ကိုယ်ပိုင်သံစဉ်သီချင်းတွေ က တချို့အခွေတွေမှာ တစ်ပုဒ်၊ နှစ်ပုဒ်ညှပ်ထည့်ထားတာ။ အခု ကျတော့ ကိုယ့်ရဲ့သီချင်းကောင်း လေးတွေကို တစုတစည်းတည်း နားထောင်ရတာပေါ့’’ဟု ၎င်းက ပြောသည်။

အဆိုပါအခွေတွင် ကိုယ်ပိုင် သံစဉ်သီချင်း စုစုပေါင်း ၁၃ ပုဒ် ပါဝင်မည်ဖြစ်ပြီး ပရိသတ်များ ကြိုက်နှစ်သက်ခဲ့သည့် သီချင်း များပါဝင်မည်ဟု ၎င်းကဆိုသည်။

အဆိုတော်ဆုန်သင်းပါရ် သည် ၎င်း၏ ဂီတသက်တမ်း (၁၅) နှစ်ပြည့်သည့် ၂၀၁၅ အတွင်း ‘အထင်ကရတေးများ’အမည်ဖြင့် တစ်ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ် ခဲ့ပြီး ယင်းဖျော်ဖြေပွဲ၌ သီဆိုခဲ့ သည့် သီချင်းများမှ ကိုယ်ပိုင်သံ စဉ်သီချင်းများကို ‘အထင်ကရတေးများ-၁’ အဖြစ် ဖြန့်ချိရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အခြားသီချင်း များ ပါဝင်မည့် ‘အထင်ကရတေး များ-၂’အခွေလည်း ဆက်လက် ထွက်ရှိရန် အစီအစဉ်ရှိပြီး ယင်း အခွေမထွက်မီ တစ်ကိုယ်တော် အခွေသစ်ဖြန့်ချိပေးရန် အစီအ စဉ်ရှိကြောင်း ဆုန်သင်းပါရ်က ပြောသည်။

‘‘အခွေသစ်က အားလုံးပြီး ပြီ။ နောက်အကျဆုံး နိုဝင်ဘာ လောက် ထွက်နိုင်အောင်တော့ လုပ်နေတယ်။ အဲဒီအခွေမှာ ကိုယ်ဆိုနေကျမဟုတ်တဲ့ တေးရေးတွေ လည်း ပါတယ်။ ကိုအငဲလည်း ရေးပေးထားတယ်။ လောလော ဆယ်တော့ လိုရာဆုလို့ ပေးထား တယ်’’ဟု ဆုန်သင်းပါရ်က ပြော ကြားသည်။


Leave a Reply