မြို့တော်ကဘူးတွင် ဖြစ်ပွားခဲ့သည် အသေခံဗုံးခွဲမှုကို အိုင်အက်စ်စစ်သွေးကြွများက လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော် ပြောကြား

13717473_1061114373981449_4485238348763247728_o

ကဘူး ဇူလိုင် ၂၄

ဇူလိုင် ၂၄ ရက်ညပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူး၌ ဖြစ်ပွားခဲ့သည့် လူပေါင်း ၈ဝ သေဆုံးခဲ့သော အသေခံ ဗုံးဖောက်ခွဲမှုတွင် အိုင်အက်စ် စစ်သွေးကြွအဖွဲ့၏ ဒေသတွင်းအဖွဲ့ခွဲတစ်ခုက ၄င်းတို့ကျူးလွန်ခဲ့ခြင်းဖြစ် သည်ဟု ဖွင့်ဟဝန်ခံပြောကြားခဲ့ကြောင်း အင်န်အိတ်ခ်ျကေ သတင်းတစ်ရပ်အရ သိရသည်။

ဆန္ဒထုတ်ဖော်ပွဲတစ်ခုတွင် ဖြစ်ပွားခဲ့သော အသေခံ ဗုံးဖောက်ခွဲမှုကြောင့် လူပေါင်း ၈ဝ သေဆုံးခဲ့ပြီး ၂၃၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ဆန္ဒထုတ်ဖော်သူ များအနက် အများစုမှာ နိုင်ငံ၏ လူနည်းစုရှီယိုက်မွတ်စလင် မျိုးနွယ်စုများ ဖြစ်သည်။

အိုင်အက်စ်စစ်သွေးကြွအဖွဲ့၏ ဒေသတွင်းအဖွဲ့ခွဲ၏ ထုတ်ပြန်ချက်တွင် ဆီးရီးယားနိုင်ငံ၌ ရှီယိုက်မျိုးနွယ်စုများက ဆွန်နီမျိုးနွယ်စုများကို သတ်ဖြတ်ခြင်းအတွက် ပြန်လည်ကလဲ့စားချေသည့်အနေဖြင့် ၄င်းတို့ စစ်သွေးကြွ အဖွဲ့ဝင်နှစ်ဦးက အသေခံဗုံးများ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အာဖဂန်နစ္စတန်အစိုးရက တာလီဘန်စစ်သွေးကြွ များကို နှစ်ပေါင်းများစွာတိုင် တိုက်ခိုက်ချေမှုန်းလျက်ရှိ သည်။ ဒေသတွင်း အိုင်အက်စ်စစ်သွေးကြွများသည် လွန်ခဲ့သည့်နှစ်ကစပြီး ဒေသတွင်းအကြမ်းဖက်မှုများ လုပ်ဆောင်လျက် ရှိသည်။ အဓိကအားဖြင့် နိုင်ငံ၏အရှေ့ ပိုင်းရှိ ပါကစ္စတန်နိုင်ငံနယ်စပ်ဒေသတွင် အကြမ်းဖက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

(အင်န်အိတ်ခ်ျကေ)


Leave a Reply