ဧရာဝတီမြစ်ရေဝင် ရောက်လျက်ရှိသည့် ပုသိမ်ကြီးမြို့နယ် ကျေးရွာ ၃၁ ရွာသို့ ပြည်ခိုင်ဖြိုးပါတီမှ ရေသန့်စက် ၃၄ လုံးလှူဒါန်း

ဧရာဝတီမြစ်ရေ နှစ်စဉ်ဝင် ရောက်ရှိသည့် ပုသိမ်ကြီးမြို့နယ်အတွင်းမှ ကျေးရွာ ၃၁ရွာနေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေရှိအတွက် မန္တလေးတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးရဲမြင့်၏ ဦးဆောင် လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပါတီမှ ငွေကျပ် သိန်း ၂ဝ ခန့် တန်ဖိုးရှိ သြစတြေးလျနိုင်ငံထုတ် ရေသန့်စက် ၃၄ လုံးအား ဇူလိုင် (၂၃) ရက် နံနက် ၉ နာရီ ၃ဝ မိနစ်နှင့် မွန်းတည့် ၁၂ နာရီ တို့တွင် ညောင်ပင်သာ အနောက်ကျေးရွာနှင့် ပုဂံတပ်ကျေး ရွာတို့မှရွာဦးဘုန်းတော်ကြီးကျောင်းများတွင် ပေးအပ်လှူဒါန်းခဲ့သည်။

13620135_624839137685601_3326885792840339052_n


ရေသန့်စက်ပေးအပ်လှူဒါန်း ပွဲသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းမောင်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်းနှင့် ခရိုင် ပါတီအတွင်းရေးမှူး၊ ပုသိမ်ကြီး မြို့နယ်ဥက္ကဋ္ဌ ဦးဆွေသန်း နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ဒေသခံများ စုစုပေါင်းအင်အား ၅ဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရေသန့်လှူဒါန်းပွဲတွင် တိုင်း ဒေသကြီး ပါတီအတွင်းရေးမှူး ဦးဝင်းမောင်က နှုတ်ခွန်းဆက် စကား ပြောကြားပြီး မြို့နယ် ပါတီမှ တာဝန်ရှိသူများက ရေသန့် စက်အသုံးပြုပုံနှင့် ပတ်သက်၍ ဒေသခံများအား ရှင်းလင်းပြော ကြားသည်။
တိုင်းဒေသကြီးပါတီမှ ပေးအပ်လှူဒါန်းသည့် ရေသန့်စက်များ ကို အသုံးပြုမည့် ဒေသခံများအား မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရဲမြင့်ကိုယ်စား တိုင်းဒေသကြီး ပါတီအတွင်းရေး မှူး ဦးဝင်းမောင်နှင့်အဖွဲ့ဝင်များက အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြ သည်။
ပုသိမ်ကြီးမြို့နယ် အတွင်းရှိ ဟင်းရွက်စု၊ သံဘိုကျွန်း၊ ညောင် ပင်သာအရှေ့၊ ညောင်ပင်သာ အနောက်၊ ဓမ္မကျ၊ဖိုးလှကုန်း၊ ကျွန်း ဆင်၊ဂျိုင့်ကြီး၊ရေဝန်း၊ပေါက်မြိုင်၊ လှိုင်းပေါက်၊ ကြံခင်း၊ မြောင်းဦး၊ ကံသစ်ကုန်း၊ ဝင်းခြံ၊ ဆူးကား ကင်း၊ ဒုန်းကုန်း၊ ပုဂံတပ်/မြို့ရိုး၊ အာလောင်၊ ပျော်ဘွယ်၊ ဇီးပင် ကုန်း၊ ဝေါတက်၊ ကျောင်းကြီးစု၊ အာလောင်လေး၊မင်းရဲလှ၊ဆည်တာ၊ တောင်စက်ရိပ်၊ မြောက်စက်ရိပ်၊ သရက်တပင်နှင့် ရဲထွဋ် စသည့် ကျေးရွာများသို့ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ပေးအပ် လှူဒါန်းခဲ့သည့် ရေသန့်စက်များသည် သြစတြေးလျနိုင်ငံမှ ထုတ်လုပ်ပြီးတန်ဖိုးအားဖြင့်ရေသန့် စက်တစ်လုံးလျှင် မြန်မာကျပ်ငွေ သိန်း ၂ဝ ခန့်ရှိပြီး အဆိုပါစက်များမှာ ချောင်းရေ၊ မြောင်းရေနှင့် မြစ်ရေအစရှိသော ရေအမျိုးမျိုး တို့အား ph7 ရေသန့်အဆင့်ရသည် အထိ အသုံးပြုနိုင်ကာ မန္တလေး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာ ၃၁ ရွာတွင် လှူဒါန်းခဲ့ သည့် ရေသန့်စက်၃၄ လုံးတန်ဖိုး မှာ ငွေကျပ်သိန်း ၆၈ဝ ခန့်တန်ဖိုး ရှိကြောင်း သိရသည်။

သုတ


Leave a Reply