အင်္ဂလန်အသင်း တိုးတက်အောင် ဆမ်အလာဒိုက် လုပ်ပေးနိုင်ဟု အာစင်ဝင်းဂါး ပြော

ArseneWengerSamAllardyce-Getty

အင်္ဂလန်နည်းပြသစ် ဆမ်အလာဒိုက်ဟာ အင်္ဂလန်အသင်းကို ခြေစွမ်းတိုးတက်လာအောင် လုပ်ပေးနိုင်မယ့်နည်းပြ ဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောကြားလိုက်ပါတယ်။

အင်္ဂလန်အသင်းနည်းပြအဖြစ် လျာထားစာရင်းမှာ ပါဝင်ခဲ့တဲ့ အာစင်ဝင်းဂါးက ဆမ်အလာဒိုက်ဟာ အင်္ဂလန်နည်းပြ အဖြစ် သင့်တော်တဲ့သူလို့ ပြောကြားလိုက်တာပါ။

အင်္ဂလန်အသင်းမှာ ခြေစွမ်းကောင်းမွန်တဲ့ ကစားသမားတွေရှိပြီး အတွေ့အကြုံပိုင်း အားနည်းမှုတချို့ ရှိပေမယ့် လက်ရှိ ကစားသမားအစုအဖွဲ့ဟာ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အောင်မြင်မှု ရယူနိုင်မယ်လို့လည်း အာစင်ဝင်းဂါးက သုံးသပ်ပါတယ်။

ဆမ်အလာဒိုက်ဟာ ဆန်းဒါလန်းမှာကတည်းက အကောင်းဆုံးအသင်းဖြစ်အောင် ကိုင်တွယ်နိုင်ခဲ့တဲ့သူဖြစ်ပြီး သူ ကိုင်တွယ်တဲ့ အသင်းတွေကို အနိုင်ရဖို့ ခက်ခဲခဲ့တယ် လို့ အာစင်ဝင်းဂါးက အင်္ဂလန်နည်းပြ ဆမ်အလာဒိုက်ကို ချီးကျူးခဲ့ပါတယ်။

(ရိုက်တာ)


Leave a Reply