မချမ်းဘော၊ ပူတာအို မြို့နယ်ပြည်ခိုင်ဖြိုးပါတီများ ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်း
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ပူတာအိုမြို့နယ်၊ မချမ်းဘော့မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပါတီပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးကို ဇူလိုင်လ (၂၁) ရက်နှင့် (၂၂) ရက်များတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရာတွင် တိုင်းရင်းသားလူမျိုးများ အတွင်း လက်တွေ့ကျကျ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရှုပြီး ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံကာ ရဝမ်၊ လီဆူ၊ ဂျိန်းဖော၊ ရှမ်း၊ ဗမာ လူမျိုးများ မျှတညီညွတ်စွာ ပါဝင်စေပြီး ပါတီတွင်း ဒီမိုကရေစီ နည်းလမ်း ကျစွာ ဆန္ဒမဲဖြင့် ရွေးချယ်တင်မြောက်ခဲ့ကြသည်။
ပူတာအိုမြို့နယ်ပါတီကော်မတီအား ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌဦးရားနီ (လီဆူ)၊ အတွင်းရေးမှူး ဦးဖုန်ယားဆားရ်(ရဝမ်)၊ ဘဏ္ဍာရေးမှူး ဦးစောဝင်းခွန်(ရှမ်း)နှင့် ကော်မတီဝင်များ အဖြစ် လီဆူ (၅) ဦး၊ ရဝမ် (၄) ဦး၊ ဂျိန်းဖော(၁) ဦးတို့အား ရွေးချယ်တင်မြှောက်ခဲ့ကြပြီး မချမ်းဘော့မြို့နယ် ပါတီကော်မတီအား ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌ ဦးရယ်ဒမ်း ဝမ်ယောဆက်(ရဝမ်)၊ အတွင်းရေးမှူး ဦးဂွမ်ငါးနော်အောင်(ဂျိန်းဖော)၊ ဘဏ္ဍာရေးမှူး ဦးငွါးရဲ့ဆဲ နှင့် ကော်မတီဝင်များအဖြစ် ရဝမ် (၇) ဦး၊ ဂျိန်းဖော(၃) ဦး၊ လီဆူ (၂) ဦး၊ ရှမ်း (၁)ဦးတို့ကို ရွေးချယ် ခဲ့ကြောင်း သိရှိရသည်။
Credit – ငမွေတိုး