သြဂုတ်လအတွင်း ထွက်ရှိလာတော့မည့် စီလင်းဒီယွန်၏ အယ်လ်ဘမ်အသစ်

ကနေဒီယမ်ပေါ့ပ်အဆိုတော် စီလင်းဒီယွန်က သူမ၏ တစ်ကိုယ်တော် အယ်လ်ဘမ် EncoreUnSoir ကို လာမည့် သြဂုတ်လ (၂၆) ရက်တွင် စတင်ဖြန့်ချီတော့ မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

13754405_1189444134409177_861320101732464165_n

အသက် ၄၈ နှစ်ရှိပြီဖြစ်သော ဂရမ်မီ ၅ ဆုရှင် အဆိုတော် စီလင်းဒီယွန်၏ အခွေသစ်တွင် ပါဝင်မည့် သီချင်းများကို ဂရမ်မီဆုရှင် တစ်ဦးဖြစ်သည့် တေးရေးဆရာ/ အဆိုတော် ဂိုးလ်မန်းက ရေးသားပေးထားပြီး အမေရိကန် ပေါ့ပ်ရော့ခ် အဆိုတော် Pink ရေးသားပေးထားသည့် သီချင်းတစ်ပုဒ်လည်း ပါဝင်သည်ဟု စီလင်းဒီယွန်က ထုတ်ဖော် ပြောဆိုထားသည်။

ပြင်သစ်အမည် “EncoreUnSoir” မှာ အင်္ဂလိပ်ဘာသာဖြင့်ဆိုလျှင် “Another Night” ဟု အဓိပ္ပာယ်ရသည်။

တေးအယ်လ်ဘမ်ချပ်ရေ သန်း ၂၀၀ ကျော် ရောင်းချထားခဲ့ရသော စီလင်းဒီယွန်၏ ယခု အယ်လ်ဘမ်ကို ပရိသတ်များက စောင့်မျှော်နေကြပြီး ဇူလိုင်လ (၂၁) ရက်နေ့တွင် Preorder စနစ်ဖြင့် ကြိုတင်မှာယူနိုင်ကြမည် ဖြစ်သည်ဟု သိရသည်။

Ref : Daily Mail


Leave a Reply