ဂေါ့ဇီကို ဒေါ့မွန် ပြန်လည်ခေါ်ယူ

ဂျာမနီကွင်းလယ်တိုက်စစ်မှူး မာရီယိုဂေါ့ဇီကို  ဘိုင်ယန်မြူးနစ်အသင်းမှ ဒေါ့မွန်အသင်းက ပြန်လည် ခေါ်ယူလိုက် သည်။ ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲ တွင် ဂျာမနီအသင်းအတွက် အနိုင်ဂိုးကို သွင်းယူခဲ့သော ဂေါ့ဇီ သည် ဒေါ့မွန် အသင်းမှ ထွက်ခွာကာ ဘိုင်ယန်သို့ ပြောင်းရွှေ့ခဲ့သော်လည်း ယခုအခါနည်းပြ သောမတ်စ်တူချယ်လ်၏ ဒေါ့မွန် အသင်းသို့ ပြန်ပြောင်းလာခဲ့သည်။

Gze

ဂေါ့ဇီကို ဒေါ့မွန်က ၂၀၂၀ ပြည့်နှစ်အထိ လေးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း ဒေါ့မွန်နှင့် ဘိုင်ယန် နှစ်သင်းစလုံးက အတည်ပြုသည်။

ဂေါ့ဇီသည် ဒေါ့မွန်အသင်း တွင် ၂၀၀၈ က စတင်ကစားခဲ့ပြီး ၁၁၆ ပွဲကစားကာ ၃၁ ဂိုးသွင်းယူ ခဲ့ပြီးနောက် ၂၀၁၃ က ဘိုင်ယန် သို့ ပြောင်းရွှေ့ခဲ့သည်။

ဂေါ့ဇီ (၂၄) နှစ်က ဘိုင်ယန်သို့ ပြောင်းရွှေ့ခြင်းအတွက် ပရိသတ်များကို တောင်းပန်ခဲ့ပြီး ယခုအခါ ဒေါ့မွန်၌ ကြိုးကြိုး စားစား ကစားမည်ဟု အခိုင်အမာ ပြောကြားသည်။

ဂေါ့ဇီသည် ဘိုင်ယန်အသင်းတွင် ပြီးခဲ့သည့်ရာသီက ရုန်းကန်ခဲ့ရပြီး ဘွန်ဒက်စ်လီဂါပွဲ ပေါင်း ၁၄ ပွဲသာ ပါဝင် ကစားခဲ့ရသည်။

Ref:Goal


Leave a Reply