ဒိုင်လူကြီးများကို ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံပါက အနီကတ် ပြသခံရမည့် ဥပဒေကို ပရီးမီးယားလိဂ်တွင် စတင် ကျင့်သုံးမည်

ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ဒိုင်လူကြီးများကို နှုတ်အားဖြင့်ဖြစ်စေ၊ ကိုယ်ဟန်အမူအရာဖြင့် ဖြစ်စေ ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံပါက တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်နိုင်သည့် ဥပဒေကို လာမည့်ဘောလုံးရာသီတွင် စတင် ကျင့်သုံးတော့မည်ဖြစ်သည်။

13707656_1190634717623452_9077705361526034526_n

ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်ချမှတ်မှုအပေါ် ကစားသမားများ၏ ပြင်းထန်စွာ ပြန်လည်တုန့်ပြန်ခြင်းကို ပရီးမီးယားလိဂ်တွင် ပိုမိုတွေ့ရလေ့ရှိပြီး အဆိုပါ အပြုအမူများကိုတားဆီးရန် ကြိုးပမ်းသွားမည်ဟု ပရီးမီးယားလိဂ်၏ အမှုဆောင်အရာရှိချုပ် စကူဒါမိုးက ဆိုသည်။

“ဒီလို ဆိုးရွားတဲ့ အပြုအမူတွေကို တားဆီးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ ပရီးမီးယားလိဂ်ဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြိုင်ပွဲတစ်ခုဆိုတာ သိပေမယ့် မလိုလားအပ်တဲ့ အပြုအမူတွေကိုတော့ ကျွန်တော်တို့ လက်ခံမှာ မဟုတ်ပါဘူး” ဟု စကူဒါမိုးက ပြောသည်။

ကိုးကား – Sky Sport


Leave a Reply