ရုရှား ပြေးခုန်ပစ်ကစားသမားများကို အိုလံပစ် ပြိုင်ပွဲ ၀င်ခွင့်ပိတ်

၂၀၁၆ ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျေးနေယိုမှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲကို ရုရှားအားကစားသမားတွေ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။

Olympic

အားကစားပြိုင်ပွဲတွေမှာ ရုရှားအစိုးရက ထောက်ခံချက်ပေးတဲ့ မူးယစ်ဆေး သုံးစွဲမှု စွပ်စွဲချက်တွေနဲ့  ပတ်သက်ပြီး အိုလံပစ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ကို တားမြစ်ဖို့ ဆုံးဖြတ်ချက်ကို အားကစား ခုံသမာဓိရုံးက ထောက်ခံ ခဲ့ပါတယ်။

ရုရှား အိုလံပစ်ကော်မတီနဲ့ ပြေးခုန်ပစ်အားကစားသမားတွေက ယှဉ်ပြိုင်ခွင့်ရရှိရေး အတွက် ဆုံးဖြတ်ချက်ကို အယူခံ ၀င်ခဲ့ပေမယ့် ၂ ဖက် သက်သေအထောက်အထားတွေကို စစ်ဆေးပြီး ခုံသမာဓိရုံးက ဆုံးတ်ြလိုက်တာ ဖြစ်ပါတယ်။

လွတ်လပ်တဲ့ အစီရင်ခံစာက ရုရှားပြေးခုန်ပစ်အားကစားသမားတွေ ဆေးသုံးတယ်ဆိုတာကို တွေ့ရှိခဲ့ရပြီး ရုရှား ပြေးခုန်ပစ်ဖယ်ဒရေးရှင်းကိုလည်း နိုင်ငံတကာ ပြေးခုန်ပစ် ဖက်ဒရေးရှင်းက ဆိုင်းငံ့ထားပါတယ်။

ဒါအပြင် နိုင်ငံတကာ အိုလံပစ်ကော်မတီကလည်း ရုရှားပြေးခုန်ပစ်ကစားသမားတွေကို အိုလံပစ်ပြိုင်ပွဲကနေ တားမြစ်ဖို့ သီးခြားတောင်းဆိုချက်ကို စဉ်းစားနေတယ်လို့လည်း ဆိုပါတယ်။

(DVB)


Leave a Reply