တောင်တရုတ်ပင်လယ်တွင် အပျော်စီးသင်္ဘော ၈ စီးပြေးဆွဲရန် တရုတ်စီစဉ်နေ

ပေကျင်း ဇူလိုင် ၂၁

လာမည့် ၅ နှစ်အတွင်း တောင်တရုတ်ပင်လယ်အတွင်း၌ အပျော်စီးသင်္ဘော ၈ စီးအထိ ပြေးဆွဲရန် စီစဉ်နေ ကြောင်း တရုတ်နိုင်ငံပိုင်သတင်းစာက ဇူလိုင် (၂၁) တွင် ဖော်ပြထားပြီး တရုတ်နိုင်ငံအနေဖြင့် အငြင်းပွား ရေပြင် ခရီးသွားလုပ်ငန်းကို ဆက်လက်မြှင့်တင်ရန် ကြိုးပမ်းမှုတစ်ခုလည်းဖြစ်သည်။

14654164164

ဆန်ယာ နိုင်ငံတကာ အပျော်စီးသင်္ဘောဖွံ့ဖြိုးရေးကုမ္ပဏီနှင့် ကိုစကို သင်္ဘောလုပ်ငန်း၊ တရုတ်အမျိုးသားခရီးသွား ၀န်ဆောင်မှု လုပ်ငန်းနှင့် တရုတ်ဆက်သွယ်မှု ဆောက်လုပ်ရေးကုမ္ပဏီလိမိတက်တို့က သင်္ဘော ၈ စီးကို ၀ယ်ယူ မည်ဖြစ်ကြောင်း China Daily သတင်းစာတွင် ဖော်ပြထားသည်။

ဟိုင်နယ်ပြည်နယ် တောင်ပိုင်း အပန်းဖြေမြို့ဖြစ်သော ဆန်ညာရှိ သင်္ဘောကျင်းတွင် အပျော်စီး သင်္ဘော ၄ စင်းကို တည်ဆောက်မည်ဖြစ်ကြောင်း သိရှိရသည်။

Ref:CNA


Leave a Reply