ဖလမ်းမြို့နယ်/ခရိုင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားများ ကျင်းပပြီးစီး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရေး မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လ (၁၈) ရက် နံနက် (၁၀) နာရီအချိန်က မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးဟုန်းငိုင်း၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးကျုံးဘိခ်၊ ပါတီ ယာယီနာယကအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ဦးအုန်းလွင်၊ ဦးဆွန်ဒုတ်ကျင့်၊ ဦးနိန်ခင်းပေါင်နှင့် မြို့နယ်၊ ရပ်/ကျေး ပါတီကိုယ်စားလှယ် (၈၆) ဦးတို့ တက်ရောက်ခဲ့ကြပြီး မြို့နယ်ပါတီ မျက်နှာစုံညီအစည်း အဝေးကို ပါတီပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျင်းပခဲ့ပြီး မွန်းတည့် (၁၂) နာရီတွင် အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့သည်။

ဆက်လက်၍ မွန်းလွဲ (၂) နာရီအချိန်တွင် ဖလမ်းခရိုင် ပါတီ ပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရေး မျက်နှာစုံညီအစည်းအဝေးကို မြို့နယ်/ခရိုင်ပါတီရုံး၌ ကျင်းပရာ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးဟုန်းငိုင်း၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးကျုံးဘိခ်၊ ပါတီ ယာယီနာယကအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ဦးအုန်းလွင်၊ ဦးဆွန်ဒုတ်ကျင့်၊ ဦးနိန်ခင်းပေါင်နှင့် မြို့နယ်၊ ရပ်/ကျေး ပါတီကိုယ်စားလှယ် (၁၇) ဦးတို့ တက်ရောက်ခဲ့ ကြပြီး ခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးကို ပါတီပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး လုပ်ထုံး လုပ်နည်းများနှင့်အညီ ကျင်းပခဲ့ပြီး မွန်းလွဲ (၃) နာရီခွဲအချိန်တွင် အခမ်းအနား အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။


Leave a Reply