ကိုရီးယား-မြန်မာ ဒီဇိုင်းပြပွဲ ပြုလုပ်မည်

မြန်မာနိုင်ငံမှ ဂရပ်ဖစ် ဒီဇိုင်းပညာရှင်များနှင့် တောင် ကိုရီးယားဒီဇိုင်းအဖွဲ့တို့ ပူးပေါင်း ပြုလုပ်မည့် Korea-Myanmar Graphic Design Exchange Exhibition အမည်ရှိ ဒီဇိုင်းပြပွဲကို ခုနစ်ရက်ကြာ ပြုလုပ်မည်ဟု သတင်းရရှိသည်။

ကိုရီးယား-မြန်မာ ဒီဇိုင်းပြပွဲ ကို ပြီးခဲ့သည့် ဇွန်လက တောင် ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် ပြသခဲ့ပြီး ယခုအခါ တောင်ကိုရီး ယားဒီဇိုင်နာများအဖွဲ့က တာဝန်ယူ၍ မြန်မာနိုင်ငံ၌ ဇူလိုင် ၃၀ရက်မှ ဩဂုတ် ၅ ရက်အထိ လာရောက်ပြသမည်ဖြစ်ကြောင်း  ယင်းဒီဇိုင်းပြပွဲတွင်ပါဝင်သည့် ဒီဇိုင်နာ ဦးမြင့်မောင်ကျော်ကပြောသည်။

ကိုရီးယား-မြန်မာ ဒီဇိုင်းပြပွဲ တွင် မြန်မာနိုင်ငံမှ ဂရပ်ဖစ်ဒီဇိုင်း ပညာရှင်များဖြစ်သည့် စိုးဝင်းငြိမ်း၊မောင်မောင်လှမြင့်၊ မြင့်မောင်ကျော်၊ မောင်မောင်အောင်၊ ဇော်မောင်၊ ဝင်းမြင့်ဦး၊ ကျော်မင်းမောင်၊ သိန်းရွှေကြည်၊ မင်းဝေအောင်၊ ဇော်မြင့်မောင်တို့၏ လက်ရာများနှင့် တောင်ကိုရီးယား ဒီဇိုင်နာအဖွဲ့၏ လက်ရာများ ပါဝင်ပြသမည်ဖြစ်သည်။

‘‘မြန်မာတစ်နိုင်ငံလုံးက လူ ငယ်ဂရပ်ဖစ်ဒီဇိုင်နာတွေ ပြပွဲကို လာကြမယ်ဆိုလို့ရှိရင် ဖွင့်ပွဲရက် ကတည်းက ကျွန်တော်တို့ပြော တာတွေကို နောက်ရက်တွေမှာ လည်း ပြန်စုစည်း ဆွေးနွေးကြ မယ်။ သူတို့ ဘယ်လိုတက်ကြွ မလဲပေါ့။ ပြီးရင် မြန်မာနိုင်ငံမှာ လည်း ဒီလိုပွဲကြီးတွေ နိုင်ငံတကာ က ဂရပ်ဖစ်ဒီဇိုင်နာတွေ ဖိတ်ခေါ် မြန်မာနိုင်ငံက ဒီဇိုင်နာတွေတက် ကြွမှုနဲ့ လက်တွဲဆောင်ရွက်နိုင် အောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပေါ့’’ဟု ဦးမြင့်မောင်ကျော်က ပြောသည်။

ကိုရီးယား-မြန်မာ ဒီဇိုင်းပြပွဲ ကို ဇူလိုင် ၃၀ ရက်မှ ဩဂုတ် ၅ ရက်အထိ အမှတ် ၀၈၄ (အေ)၊ သံလွင်လမ်း၊ ရွှေတောင်ကြားရပ် ကွက်၊ ဗဟန်းမြို့နယ်ရှိ New Treasure Art Gallrey တွင် ပြု လုပ်မည်ဖြစ်သည်။

7 Day Daily


Leave a Reply