လက်ပံတောင်းတောင်စီမံကိန်း ခေတ္တရပ်နားသင့်ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ ထုတ်ပြန်

နစ်နာနေသော ဒေသခံ များကိစ္စကို ဖြေရှင်းပြီးချိန်အထိ လက်ပံတောင်းတောင်ကြေးနီစီမံ ကိန်းကို ခေတ္တရပ်နားသင့်ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က ဇူလိုင် ၂၀ ရက်တွင် သတင်းထုတ်ပြန်ကာ အစိုးရအား တိုက်တွန်းလိုက်သည်။

အစိုးရသစ်သည် အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေး ဆိုင်ရာ စိုးရိမ်ချက်များကို ထိခိုက် နစ်နာသည့် ပြည်သူများနှင့် စစ် မှန်စွာ ညှိနှိုင်းတိုင်ပင်ဆွေးနွေး ဖြေရှင်းပြီးချိန်အထိ လက်ပံ တောင်းတောင် သတ္တုတွင်းလုပ် ငန်း လည်ပတ်မှုများအားလုံးကို ခေတ္တရပ်နားစေရန် လုပ်ဆောင် သင့်ကြောင်း အဆိုပါ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ကံ ကုန်းကျေးရွာရှိ မိုးကြိုးဆာလဖျူ ရစ်အက်စစ်စက်ရုံသည် လက်ပံ တောင်းတောင်၊ စံပယ်တောင်နှင့် ကြေးစင်တောင်ရှိ ကြေးနီတွင်းနှစ် တွင်းသို့ ဆာလဖျူရစ်အက်စစ် များ ပေးပို့နေပြီး ဦးပိုင်နှင့်တရုတ် ဝမ်ပေါင်ကုမ္ပဏီတို့က မေလတွင် လက်ပံတောင်းတောင် သတ္တု တွင်းလုပ်ငန်းကို ကြေးနီထုတ် လုပ်မှု ပြန်လည်ဆောင်ရွက်နေ ကြောင်း အစီရင်ခံစာက ဆို သည်။

၂၀၀၇ တွင် တည်ဆောက်ခဲ့ သော မိုးကြိုးဆာလဖျူရစ်အက် စစ်စက်ရုံကို ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်သော စုံစမ်းစစ် ဆေးရေးကော်မတီက ၂၀၁၃ တွင် စုံစမ်းစစ်ဆေးခဲ့ရာ ဒေသအာဏာ ပိုင်များ၏ ခွင့်ပြုချက်မယူဘဲ ဆောက်လုပ်ခဲ့ကြောင်း ကော်မတီက တွေ့ရှိခဲ့သည်ဟုဆိုသည်။

မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်သည် ၂၀၁၃ ဇူလိုင် တွင် စက်ရုံလည်ပတ်ရန် ပါမစ် ထပ်ယူခဲ့သဖြင့် ၂၀၀၇ မှ ၂၀၁၃ အထိ တရားမဝင် လည်ပတ်ခဲ့ သော်လည်း ပိုင်ရှင်ဖြစ်သူ ဦးပိုင် လီမိတက်ကို မည်သည့်အပြစ် ဒဏ်မျှ မချမှတ်ခဲ့ကြောင်း ထုတ် ပြန်ချက်ကဆိုသည်။

‘‘ဒေသန္တရ အာဏာပိုင်တွေ ရဲ့ စိုးရိမ်မှုတွေကို ဦးပိုင်က လျစ် လျူမရှုသင့်သလို တကယ်ထိခိုက် ခံစားနေရတဲ့ ဒေသခံတွေရဲ့ အ ရေးကြီးတဲ့ မကျေနပ်ချက်၊ တိုင် ကြားချက်တွေကိုလည်း နား ထောင်ရမယ်။ ဗဟိုအစိုးရအနေ နဲ့ ဒီစက်ရုံလုပ်ငန်းလည်ပတ်နေ တာကို ရပ်ပစ်ဖို့နဲ့ ဘေးကင်းစိတ် ချမယ့်နေရာကို ပြောင်းရွှေ့ခိုင်းဖို့ အခုလိုနေပြီ’’ဟု အပြည်ပြည်ဆိုင် ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ စီးပွားရေးနှင့် လူ့အခွင့်အရေး သု တေသနပညာရှင် မာ့ခ်ဒွန်းမန့်က ဆိုသည်။

ဇွန်လ ၁၅ ရက်တွင် စက်ရုံ ပြန်လည်လည်ပတ်၍ လေထုညစ် ညမ်းသဖြင့် စက်ရုံနှင့် မီတာ ၅၀ ကွာဝေးသည့်ကျောင်းမှ ကျောင်းသားအများစုသည် ကျောင်းမ တက်တော့ကြောင်း ရွာသူရွာ သားများက ပြောသည်။

ဝမ်ပေါင်ကုမ္ပဏီက ကောက်ယူခဲ့သည့် ဆန်းစစ်ချက်များအကြောင်းကို Amnesty Internat-ional အဖွဲ့က ဇွန်လ ၁၅ ရက်တွင် စာဖြင့်မေးမြန်းခဲ့သော်လည်း အဖြေမရခဲ့ကြောင်း ထုတ်ပြန်ချက် ၌ ဖော်ပြထားသည်။

7 Day Daily


Leave a Reply