နံနံပင်နဲ့ ကျောက်ကပ် ကုနိုင်ပါတယ်

ဒါက အိန္ဒိယကနေအာရှအထိပျံနှံ့လာတဲ့ သဘာဝဆေးနည်းဖြစ်ပြီး နိုင်ငံတကာဆေး ပညာရှင်များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

NNOP

ကျောက်ကပ်က ခန္ဓာကိုယ်တွင်း/သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေးပါတယ်။ မိမိစားသုံးသမျှ၊ အစားအစာ၊ သောက်ရေကအစမှာ ပါဝင်သမျှသော မလိုအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေးပါတယ်။ လူစဖြစ်ကတည်းက ယနေ့ အသက်ရှင်တဲ့ အချိန်အထိ မနားမနေ အလုပ်လုပ်နေရပြီး အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။

ဂရုစိုက်ဖို့ဆိုတာ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ဖြစ်ပါတယ်။ ယနေ့ အမျိုးသမီးရော၊ အမျိုးသားပါ ကျောက်ကပ် နဲ့ ဆက်စပ်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက် လာပါတယ်။ အဓိက ကတော့ ရေဓာတ်လျော့နည်းမှု၊ အစားအသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှုတို့ကြောင့်ဖြစ်ပြီး ဒါတွေကိုမဖြစ်အောင် ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်းပေါင်း များစွာ ပေါ်လာပါတယ်။

ခွဲစိတ်ကုသစရိတ်စကလည်း မနည်းပါဘူး။ ဆေးလည်း ဈေးကြီးပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်လေ ကောင်းလေပဲမို့ ကျောက်ကပ်ရောဂါမဖြစ်အောင် လူတိုင် လုပ်နိုင်တဲ့ နည်းလမ်းရှိပါတယ်။ မြန်မာငွေကျပ် တစ်ထောင်တက် ပိုမကုန်ပါဘူး။

နံနံ သို့တည်းမဟုတ် ရိုးရိုးနံနံ ၁၀ ပင်မှ အပင် ၁၅ ပင်ကြားကိုပဲ နုတ်နုတ်ဆင်းပြီး ရေတစ်ခွက်စာ ဖြည့်ထားတဲ့ ရေနွေးအိုးထဲထည့် ၁၀ မိနစ်လောက် ကြိုချက်ပေးရပါမယ်။ ရလာတဲ့အရည်မှ နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည်တစ်ခွက်ကို အအေးခံပြီး သောက်ရပါတယ်။

ကျောက်ကပ်ရောဂါရှိသူများ၊ ရှိရန်အစပျိုးသူများအနေနဲ့ နေ့စဉ်သောက်သုံးသင့်ပြီး ကာကွယ်လိုသူများအတွက် တစ်ပတ် တစ်ကြိမ် သို့တည်းမဟုတ် ၁၀ ရက် တစ်ကြိမ်လောက် ပုံမှန်စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ သန့်ရှင်းနေစေမယ့်လို့ ဆိုထားပါတယ်။ အိန္ဒိယဆေးနည်းအတိုင်းဆိုရင် နံနံရဲ့ သစ်ဥ၊မြစ်ဥကိုပါ ထည့်ပြုရပါ တယ်။  သို့ပေမယ့် နိုင်ငံတကာမှာတော့ အရွက်ကို ထည့်ပြုတ်ရုံနဲ့ လုံလောက်ပါတယ်။

နံနံပင်ကလည်း ဘယ်နေရာမှာမဆို အလွယ်တကူ ရရှိနိုင်တဲ့အတွက် ဈေးသက်သက်သာသာနဲ့ ကျောက်ကပ် ရောဂါကာကွယ်နိုင်အောင် ကုသနိုင်အောင် မျှဝေလိုက် ရပါတယ်။

Credit -သဘာဝရဲ့ အဟာရ


Leave a Reply