ယူရိုဘောလုံးပြိုင်ပွဲတွင် တရားမ၀င် လောင်းကစားမှု၌ ပါဝင်သူ ၄,၁၀၀ ကျော်ကို ဖမ်းဆီးခဲ့

ပြင်သစ်နိုင်ငံတွင် ကျင်းပခဲ့သော ယူရို ၂၀၁၆ ပြိုင် ပွဲ၌ တရားမ၀င် လောင်းကစားမှု များတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ပါဝင်သူ ၄,၁၀၀ ကျော်ကို ဖမ်းဆီး ရမိခဲ့သည်။ ပေါင် သန်း ၅၀၀ အထိ တန် ဖိုးရှိသော တရားမ၀င် လောင်း ကစားမှုများကို တိုက်ဖျက်သည့် စစ်ဆင်ရေးအတွင်း တရုတ်၊ ပြင် သစ်၊ ဂရိ၊ အီတလီ၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့တွင် စီးနင်းမှုအကြိမ်ရေ ၄,၀၀၀ ခန့် ပြုလုပ်ကာ လူပေါင်း ၄,၁၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။

ယူရို ၂၀၁၆ ပြိုင်ပွဲအတွင်း ပေါင်သန်း ၅၀၀ အထိ တရားမ ၀င်လောင်းကစားမှု ရှိခဲ့သည်ဟု နိုင်ငံတကာ မှုခင်းတိုက်ဖျက်ရေး ရဲတပ်ဖွဲ့အင်တာပိုလ်က ခန့်မှန်းထား သော်လည်း စစ်ဆင်ရေးများအတွင်း ပေါင် ၁၀ သန်း ကျော်သာ သိမ်းဆည်းရမိခဲ့သည်။

စုစုပေါင်း စစ်ဆင်ရေး ခြောက်ကြိမ်အတွင်း လူပေါင်း ၁၂,၅၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ငွေသား ပေါင်သန်း ၄၀ သိမ်း ဆည်းရမိကာ တရားမ၀င် လောင်းကစားလုပ်ငန်း ၃,၄၀၀ ကျော် ပိတ်သိမ်းနိုင်ခဲ့ကြောင်း အင်တာပိုလ် က ပြောသည်။

—Ref: Guardian


Leave a Reply