တူရကီအာဏာသိမ်းမှုအား ဖြိုခွင်းရာ ရာထူးထုတ်ပယ်ဆိုင်းငံ့ခြင်းများ လေးသောင်းခွဲကျော်ရှိ

Turkey_1

အန်ကာရာ၊ ဇူလိုင် ၂၀

ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပွားသော အရေးနိမ့်ခဲ့သည့် အာဏာသိမ်းရန်ကြံစည်မှုနှင့် ပတ်သက်ပြီး အစိုးရက ဖြိုခွင်းလျက်ရှိရာတွင် လူပေါင်း   လေးသောင်းခွဲကျော် ကို ရာထူးထုတ်ပယ်ဆိုင်းငံ့ခြင်းများ လုပ်ဆောင်ခဲ့သည်။

နိုင်ငံတွင်း သန့်စင်မှုအဖြစ် ဌာနဆိုင်ရာများမှ သံသယရှိသူများကို ရှင်းလင်းခြင်းဖြစ်ပြီး ၎င်းတို့က အမေရိကန် အခြေစိုက် ဘာသာရေးခေါင်းဆောင် ဂူလန် နောက်လိုက်များဖြစ်ကြသည်ဟု အစိုးရက ပြောသည်။ အာဏာသိမ်း ကြံစည်မှုနှင့် ပတ်သက်ပြီး တူရကီအစိုးရက ဂူလန်ကို အပြစ်ဆိုထားသော်လည်း ၎င်းက တစ်စုံတစ်ရာ ပါဝင် ပတ်သက်ခြင်း မရှိကြောင်း ငြင်းသည်။

ဘာသာရေးခေါင်းဆောင် ဂူလန်သည် အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်ကို ဦးဆောင်နေသည်ဟု ဝန်ကြီးချုပ်ဖြစ်သူ ဘီနာလီယဲဒီရမ်က ပြောသည်။

“ကျွန်တော်တို့ အမြစ်လှန် ဖြိုခွင်းသွားမှာဖြစ်တယ်။”ဟု ဝန်ကြီးချုပ်က လွှတ်တော်တွင် ပြောသည်။

ဇူလိုင် ၁၉ ရက်က အမေရိကန်သမ္မတ အိုဘားမားနှင့် တူရကီသမ္မတ အာဒိုဂန်တို့ ဖုန်းပြောရာတွင် ဂူလန်အား အမေရိကန်က နိုင်ငံလွှဲပြောင်းပေးဖို့ကို တွန်းတွန်း တိုက်တိုက် ပြောဆိုကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည်။

နှစ်နိုင်ငံသဘောတူညီချက်အရ ဂူလန်အား တူရကီသို့ လွှဲပြောင်းပေးရေး မပေးရေးကို ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဂျို့စ်အားနက်စ်က ပြောခဲ့သည်။

(BBC)


Leave a Reply